မနက်မိုးလင်းလာတော့သူမဘေးမှာမရှိတော့လီဆာလည်းပြင်ဆင်ပြီးတာနဲ့နန်းဆောင်ပြင်ကိုထွက်လာခဲ့သည် သူမရဲ့နန်းဆောင်ရှေ့အရောက်အထဲကထွက်လာတဲ့သူမနဲ့ဆုံသည်
"ပရမ်!"
"အွန်း ဘာတွေအဲ့လောက်လန့်နေတာလဲ"
"မနက်အစောကြီးဆိုတော့လေ တို့ကပရမ်လေးဆီခုမှလာမလို့ကို"
"ခမည်းတော်ကစောစောထခိုင်းလို့လေခနနေသွားရတော့မှာအာ့ကြောင့်နီနီ့မျက်နှာလေးလာတွေ့တာ လွမ်းလို့"
"မနေ့ညကမှတွေ့ထားတာလေကွယ် တို့ကိုအဲ့လောက်တောင်ချစ်တာလား"
"အွန်း ချစ်တယ်နီနီ"
"နီနီကရောပရမ့်ကိုချစ်လား""ချစ်တာပေါ့ကွယ်"
"ဒါဆိုပရမ်သွားတော့မယ်နော်ညနေမှတွေ့မယ်"
"အွန်း"
'ချစ်သည် သူမကိုချစ်ပါသည် တစ်လဆိုတဲ့အချိန်ကသူမကိုချစ်မိဖို့အတွက်လုံလောက်သည် မဟုဘူးတစ်လမဟုဘဲတစ်ပတ်ဆိုရင်တောင်ချစ်မိမှာ ချစ်မိခဲ့မှာ...'
'ဘုရင်ဆိုတဲ့လူကိုတစ်လအတွင်းပထမဆုံးတွေ့ဖူးချင်ပါ ချောသည်ချောတာထက်ခန့်ညားသည် ယောင်္ကျားဆန်သည် ဒါကြောင့်တိုင်းတစ်ပါးသားဖြစ်တာတောင်ဘုရင်မရဲ့ ခမည်းတော်ကလက်ခံတာဖြစ်မည်'
'နီနီကတော့ပြောပြဖူးပါသည် သူမကိုဒီနန်းဆောင်ထဲမှာလက်ခံတာထိုင်းနိုင်ငံမှာသူမလောက်တော်တဲ့သမားတော်မရှိသောကြောင့်နောက်ပီး သူမကငွေကြေးမရှိသောသူများကိုအခမဲ့ကူပေးသည့်သူတဲ့ ဒီလိုစိတ်ထားလှပပီးထက်မြက်တဲ့သူမက တခြားလူတစ်ယောက်ကိုသတ်ဖို့ကဖြစ်နိုင်ရဲ့လား?'"လာ သမီးတော် သွားစို့"
"ဟုတ်ကဲ့"
.......
'ခုဆိုတိုသ်းခန်းလှည့်လည်တာ1နာရီလောက်ရှိပြီ ဘာမှမထူးခြားပါ ဒါမဲ့တစ်နေရာမှာ...'
"ဝှီးးးး ဒုန်း.."
'မြင်းတွေစီးပြီးလာနေတဲ့လူတစ်စုလူတွေကိုလည်းမရှောင်ဝင်တိုက်နေသည်'
"စစ်မက်တို့ ဒီသူခိုးဓားပြတွေကိုတိုက်ခိုက်စေ"
'ရှေ့မှာရန်ပွဲတစ်ခုဖြစ်နေသည်ဒါမဲ့ဓားေတွပါပါသည်တချို့ဆိုသွေးတွေပါထွက်လို့ ဒီလိုမြင်ကွင်းတွေကို လီဆာမခံနိုင်ပါ ခေါင်းတွေမူးလာပြီး အန်ချင်သလိုလဲဖြစ်လာသည် ဒီမှာ
ဆက်နေလို့မဖြစ်တော့'

YOU ARE READING
REPLY (Complete)
Random...အချိန်ကာလတွေဘယ်လောက်ပဲပြောင်းလဲသွားပါစေ သူမအပေါ်ထားတဲ့ကျမအချစ်ကတော့ပြောင်းလဲသွားမှာမဟုဘူး... Start Date -6.7.2022 End Date -23.7.2022