REPLY-12❗

1.1K 86 1
                                        

မျက်လုံးပြန်ဖွင့်လိုက်တော့ကင်ဂျန်းနီဘဝကိုရောက်‌နှင့်နေပြီဘေးမှာကတော့ပရမ့်ပုံစံနဲ့လီဆာပေါ့

"နီနီ နီနီနိုးလာပြီသက်သာရဲ့လားဘယ်လိုနေသေးလဲခေါင်းကိုက်သေးလာဟင်"

သူမလေးအမေးတွေကိုမဖြေအားပဲအရမ်းလွမ်းခဲ့ရတဲ့သူမလေးကိုသာရင်ခွင်ထဲမှာခွေးပွေ့ထားမိပါသည်

"ပရမ်လေးရယ်"

"နီနီ ဘာလို့ကိုနေတာလဲဟင် မငိုပါနဲ့နော်  ဘာလဲခေါင်းကိုက်သေးလို့လား ခနနော်ဆေးတွေသွားယူ"

"မသွားပါနဲ့ကွယ်ဒီတိုင်းလေးနေချင်လို့နော် ဒီတိုင်းလေးပဲနေပေးပါ လာပါအုံးရင်ခွင်ထဲကို"

"ဟုတ်"

"လီဆာ"

"ဟင်" သူမလေးကထရပ်လိုပ်သည်အံ့ဩသွားပုံရသည်

"နီ နီနီဘယ်လိုခေါ်လိုက်တာ"

"တို့ကနီနီ မဟုပါဘူးကွယ် မင်းလေးလိုပဲနီနီ့ခန္ဓာပိုယ်ထဲရောက်လာတဲ့သူပါ"

"ဒါဆို ခင်ဗျားကဘယ်သူလဲ ဘယ်ကလဲ ဒါဘာလုပ်တာလဲ"

"‌စိတ်အေးအေးထားပါလီဆာရယ် ဒါတို့အတိတ်ဘဝပဲ မင်းလေးနဲ့စတွေ့တဲ့အတိတ်ပေါ့ မင်းလေးလည်းအတူတူပဲလေ အတိတ်ကိုပြန်ရောက်လာတာ"

ပြီးတော့သူမလေးကိုဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်သည်

"နီနီရယ်ဘာလို့ မဟုပါဘူး ဂျိမ်းပေါ့ ဂျိမ်းရယ်ဘာလို့ခုလိုလုပ်ရတာလဲတစ်ခုခုဖြစ်သွားရင်ဘာလိုလုပ်မလဲ"

"မင်းလေးကိုဆုံးရှုံးရမှာကြောက်လို့ပေါ့ကွယ်တို့ဘာဖြစ်ဖြစ်ပါ လီလီတစ်ခုခုမဖြစ်ဖို့ပိုအရေးကြီးတယ် လီလီမေ့လဲသွားတုန်းကဆိုတို့မှာ ကမ္ဘာကြီးပျက်သ‌ွားသလိုပဲ"

"လီလီတဲ့လားနားထောင်လို့ကောင်းလိုက်တာ
ဒါနဲ့လီလီမေ့လဲတာဘယ်လိုသိတာလဲ"

"ဒီဘက်ကိုကြည့်လို့ရတဲ့ဖန်လုံးလေးတို့ဆီမှာရှိတယ် တို့အမြဲမပြတ်စောင့်ကြည့်နေတာတစ်ချိန်မှမလပ်ရအောင်အိပ်ချိန်တွေတောင်လျော့ပြီးတော့ပေါ့"

"ဂျိမ်းရယ် ချစ်လိုက်တာ ဒါနဲ့အကုန်မြင်တယ်ဆိုတော့ ဟို ဟို လီလီ့ခန္ဓာကိုယ်ရောမြင်ပြီးပြီပေါ့နော် ပြီးတော့ဟို ဟိုဟာ"

REPLY (Complete)Where stories live. Discover now