REPLY-9

768 77 3
                                    

မနက်မိုးလင်းလင်ချင်းဘေးကိုကကည့်လိုက်တော့ကျမရင်ခွင်ထဲမှာအိပ်ပျော်နေသေးသည့်သူမ
သူမရဲ့ပါးဖောင်းဖောင်းလေးတွေမျက်ခွံပေါ်ကမှဲ့လေးတွေစတော်ဘယ်ရီစီးလေးလိုနီရဲနေတဲ့နှုတ်ခမ်းလေးတွေအကုန်လုံးကိုထိတွေ့ကြည့်နေမိသည်

"ကိုင်ကြည့်လို့ဝပြီလား"

"ဟင် နီနီ နိုးပြီလားပရမ့်ကြောင့်လား"

"မဟုပါဘူးတို့နိုးနေတာကြာပြီ ဒီတိုင်းမင်းရင်ခွင်ထဲနေချင်သေးလို့"

'နီနီပြောသည့်စကားကြောင့်ကျမကြည်နူးရသည်မှာအမှန်အပြုံးတွေကိုလည်းမရပ်တန့်နိုင်'

"နေချင်ရင်အချိန်ပြည့်နေလို့ရပါတယ် နီနီရယ် လာဒီနေ့မထနဲ့‌တော့"

"တို့ကအဲ့လိုနေလို့မရဘူးလေကွယ် ဘုရင်မကိုလည်းဆေးတိုက်ရဦးမယ် နောက်ပြီးနန်းတွင်းထဲကဖျားနာတဲ့သူတွေကိုလဲကုရဦးမယ်"

"အွန်းး ဟုသားဘဲ ပရမ့်တစ်ယောက်တည်းရဲ့သမားတော်လုပ်မလားနီနီ"

"ဘယ်လို"

"ပပရမ်နဲ့လက်ထပ်မယ်လေလက်ထပ်ပြီးရင်ပရမ့်ကိုပဲဂရုစိုက်ပေါ့"

'အဲ့လိုပြောလိုက်တော့နီနီကကျမရင်ခွင်ထဲကထွက်သွားသည် သူမအဝတ်အစားတွေ‌ကိုလည်းပြန်ဝတ်ပြီး ကျမဘက်ကိုလှည့်ကြည့်သည် မျက်ရည်ဝိုင်းနေသောမျက်ဝန်းတွေနဲ့'

"မဖြစ်နိုင်တာ‌တွေမပြောပါနဲ့ပရမ် ဒီတိုင်း ဒီတိုင်းလေးပဲနေကြရအောင်ပါ"

"ဘာလို့မဖြစ်နိုင်ရတာလဲနီနီ ပရမ်လည်းနီနီ့ကိုချစ်တယ်နီနီလည်းပရမ့်ကိုချစ်တယ်မလား"

"မတူဘူးပရမ်ချစ်တာကချစ်တာပဲ မင်းသာတို့နဲ့ချစ်ကြိုက်နေပါတယ်လို့ပြောလိုက်ရင်လူတွေကလက်ခံနိုင်မယ်ထင်လား ထိုင်းနိုင်ငံရဲ့တစ်ယောက်တည်းသောအိမ်ရှေ့စံမင်းသမီးက တိုင်းတစ်ပါးသားဖြစ်တဲ့အပြင်မိန်းကလေးတစ်ယောက်နဲ့ကြိုက်နေတာကို ဘယ်သူမှလက်ခံမှာမဟုဘူးပရမ် နောက်ပြီးလူတွေဝိုင်းကန့်ကွယ်ရင်ဘုရင်မကမျက်ကွယ်ပြုလိုက်တာနဲ့ငါပါမကမင်းပါသေနိုင်တယ်ပရမ်"

REPLY (Complete)Where stories live. Discover now