လီဆာတို့နန်းတော်အပြင်ကထွက်ပြီး မြို့ထဲမှာဘဲမနေဘဲ "ဦးလေး"ဆိုတဲ့သူရှိရာကိုသွားခဲ့သည်
အဲ့ဦးလေးကအလုံးစုံသိနေသည့်အလားကျမတို့ရောက်လာသည်ကိုမအံ့ဩခဲ့ပါ
ကျမတို့နေဖို့ရာတောင်အသင့်ပြင်ပြီးသားဖြစ်နေသည်
အဲ့ချိနိကတည်းကပရမ့်ရဲ့မယ်တော်နဲ့ခမည်းတော်ကိုမတွေ့ရတော့ပါ
ဂျိမ်းကလည်းသူမဖခင်နဲ့တွေ့နေချိန်မှာငိုမိခဲ့သည်တဲ့လေ
ဘယ်လိုပဲဖြစ်နေနေ အဖေဟာအဖေပါပဲလေ
သူလည်းသံယောဇဉ်ရှိမှာပေါ့
ခုဂျိမ်းရောက်တာတစ်လပြည့်တော့မယ်
လီဆာတို့ပြန်သွားလို့လဲရလိမ့်မယ်
ဒီကိုလာရခြင်းရဲ့အကျိုးဆက်ကိုခံစားရလိမ့်မယ်လို့ဂျိမ်းကိုဦးလေးဆိုသည့်သူကပြောသည်
ကျမ မကြားအောင်ပြောနေတာပေမဲ့ကြားဖြစ်အောင်ကြားလိုက်ပါသည်
ဘယ်လိုပဲဖြစ်ဖြစ်အဆိုးကြီးမဟုဖို့တော့မျှော်လင့်မိပါသည်
ဒီတစ်ခါတော့ဂျိမ်းနဲ့အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နေချင်သည်
သူမကရူဘီဂျိမ်းပဲဖြစ်ဖြစ်ကင်ဂျန်းနီပဲဖြစ်ဖြစ်သူမကအမြဲတမ်းကျမချစ်ရသူမိန်းကလေးဖြစ်နေဦးမှာပါပဲ"လီလီ..."
"အွန်းပြောလေ ဂျိမ်း"
"အဆင်ပြေမှာပါနော်မနက်ဖြန်ဆိုရင်တို့တွေပြန်သွားလို့ရပြီလေ ဒါပေမဲ့"
"ဒါပေမဲ့...လီလီကတို့ကိုထပ်မေ့သွားမှာလီလီတစ်ခုခုဖြစ်မှာကြောက်တယ်"
"ဒီမှာကြည့်ဂျိမ်း လီလီ့ဦးနှောက်ကဂျိမ်းကိုမေ့ရင်တောင်လီလီ့နှလုံးသားကတော့ဘယ်တော့မှမေ့မှာမဟုဘူး
နောက်ပြီးအဆိုးဆုံးတွေကိုကြိုမပူပါနဲ့ကောင်းလာမဲ့အရာတွေကိုပဲကြိုတွေးပါ
ဟုပြီလားဂျိမ်း""လီလီရယ် မင်းလေးကတို့ရဲ့အားဆေးလေးပဲသိလားတို့နားခိုရာလေးပဲလီလီသာမရှိရင်တို့ဘယ်လိုလုပ်ရမလဲမသိဘူး"
"လီလီကအမြဲတမ်းရှိနေမှာပါဂျိမ်းရယ်
လီလီသေသွားရင်တောင်လီလီ့ဝိညာဉ်လေးကဂျိမ်းနားမှာအမြဲစောင့်ရှောက်နေမှာ"
YOU ARE READING
REPLY (Complete)
Random...အချိန်ကာလတွေဘယ်လောက်ပဲပြောင်းလဲသွားပါစေ သူမအပေါ်ထားတဲ့ကျမအချစ်ကတော့ပြောင်းလဲသွားမှာမဟုဘူး... Start Date -6.7.2022 End Date -23.7.2022