"လက်စွပ်!..."
"အွန်းလေကွယ် ဒါကိုတော့မေ့နေတာမဟုတ်ပါဘူးနော်"
"ဟင့်အင် ဒါနဲ့စောနကပရမ်တို့ကိုတစ်ယောင်ယောက်များမြင်သွားမလားလို့ဒီထဲကိုတစ်ယောက်ယောက်ဝင်လာရင်ရော"
"ဟော ဒီရေကန်လေးနားကိုဘယ်သူ့ကိုမှခွင့်မတောင်းဘဲအေးဆေးဝင်လို့ရတာဆိုလို့ဘုရင်မရယ် ဘုရင်ကြီးရယ် ဒီကမင်းသမီးလေးရယ်ပဲရှိတာလေ"
"ဒါဆို နီနီကရော"
"တို့ကတော့တို့ကိုသိပ်ချစ်တဲ့ကောင်မလေးတစ်ယောက်ကြောင့်ပေါ့"
"ဟမ်"
"အဲ့နေ့ကလေ ပရမ်ကနေသိပ်မကောင်းလို့အပြင်မထွက်ပါနဲ့လို့ပြောထားတာကိုဒီကန်ဘေးလာတယ်လေအဲ့ဒါပရမ်ဆီတို့ကလာတာပေါ့လေစိမ်းတိုက်ရင်ပိုဆိုးမှာစိုးလို့ပြန်ခေါ်မလို့လေ အဲ့ဒါကိုတံခါးစောင့်တွေက "သခင်မလေးကဘယ်သူ့မှမလာခိုင်းဘူး"ဆိုပြီးတို့ကိုဝင်ခွင့်မပြုဘူးလေ မရရအောင်ဝင်တော့တို့ကိုတွန်းလိုက်တယ်အဲ့တော့ေချာလဲပြီးလက်မှာအနာရသွားလေ အဲ့တာကိုပရမ်လဲသိရော
"သမားတော်ကင်ဂျန်းနီကိုပရမ်ပရီယာပိုင်တဲ့ဘယ်နေရာမဆိုအတားအဆီးမရှိသွားခွင့်ပြုတယ် ဒါကိုဆန့်ကျင်ရင်တော့နယ်နှင်ဒဏ်ပေးမယ်"လို့ပြောပြီးကတည်းကသွားလို့ရသွားတာ""အော်.."
'မင်းသမီးကသူမကိုအတော်ချစ်တာပဲလို့တွေးမိသည် ကျမသာဒီခေတ်ကတည်းကသူမနဲ့တွေ့ခဲ့ရင်ဒီလောက်ချစ်နိုင်ပါ့မလား?"
ဟာငါမဖြစ်နိုင်တာတွေတွေးနေတာပဲ"ကိုယ့်အကြောင်းကိုနားထောင်ရတာတော်တော်သဘောကျတယ်နဲ့တူတယ်"
"အဲ့လိုမဟုပါဘူး ဒီတိုင်းနီနီမှတ်မိရဲ့လားလို့ပါ"
"ပရမ်လေးနဲ့ပတ်သက်သမျှကိုနီနီကမှတ်မိပါတယ်နော် တို့ဒီကိုရောက်တာမကြာသေးခင်ကပရမ်က "ငါ့သတို့သမီးဖြစ်မဲ့ရုပ်လက္ခနာရှိတယ် ဒါကြောင့်ငါ့နားမှာပဲနေပါ"လို့ပြောတာကအစမှတ်မိတယ်"
'ကိုယ့်အကြောင်းမဟုတ်ပေမဲ့လီဆာမျက်နှာရဲသွားရသည် တော်တော်ပြောရဲဆိုရဲရှိတဲ့မင်းသမီးပဲ'

YOU ARE READING
REPLY (Complete)
Random...အချိန်ကာလတွေဘယ်လောက်ပဲပြောင်းလဲသွားပါစေ သူမအပေါ်ထားတဲ့ကျမအချစ်ကတော့ပြောင်းလဲသွားမှာမဟုဘူး... Start Date -6.7.2022 End Date -23.7.2022