REPLY-6

786 73 0
                                    

ရက် လ ခုနှစ်
12 May 2022

တီ တီ တီ တီ

"ဆရာမ ဆရာမရယ်လုပ်ပါဦး ကျမသမီးလေး ခုလုံးခုန်တာမမှန်တော့ဘူး"

"တစ်လအတွင်းဒါပထမဆုံးပဲခနCPRပေးမယ်"

"ပ.. လီလီဆာ လီဆာဘာဖြစ်တာလဲအန်တီ"

"ဟင် လီဆာ့သူငယ်ချင်းပဲ မသိပါဘူးကွယ် ဒီနေ့မှနှလုံးခုန်တာမူမမှန်ဖြစ်သွားလို့ အန်တီ့သမီးလေးကိုမဆုံးရှုံးချင်ဘူးကွယ်"

"ဘာမှစိတ်မပူပါနဲ့အန်တီ ကျမခနအပြင်သွားဦးမယ်"

.....

"ဒါဘယ်လိုဖြစ်တာလဲဦးလေး"

"ရူဘီဂျိမ်း!"

"အခု လီဆာ နှလုံးခုန်နှုန်းတွေမမှန်တော့ဘူး ဒါဘာဖြစ်တာလဲ ပရမ်တစ်ခုခုဖြစ်သွားပီလား"

"စိတ်အေးအေးထားပါ ရူဘီဂျိမ်း ငါပြောခဲ့တယ်မလား အခုလက်ရှိမှာလီဆာတစ်ခုခုဖြစ်ရင်ပရမ့်ဆီမှာမသက်ရောက်ပေမဲ့ပရမ်တစ်ခုခုဖြစ်ရင်တော့လီဆာ့ဆီသက်ရောက်မယ်ဆိုတာ အခုလီဆာ့ဝိညာဉ်ရှိတဲ့ပရမ်ကစိတ်ရောကိုယ်ပါပင်ပန်းပီးသတိလစ်သွားတာပြန်သတိရလာမှာပါ"

"ကျမလီဆာအတိတ်ကိုပြန်မှတ်မိဖို့ပြောင်းလို့ရဖို့ရွေးချယ်ခဲ့တာသူ့ကိုအန္တရာယ်ဖြစ်စေချင်လို့မဟုဘူး ဒီလိုတွေဖြစ်နေအုံးမယ်ဆိုရင် သူ့ကိုပြန်ခေါ်ပေးပါ"

"ငါပြောခဲ့သားပဲရူဘီဂျိမ်းသွားဖို့မလွယ်သလိုပြန်လာဖို့လဲမလွယ်ဘူးလို့အတိတ်မှာကိစ္စတွေအကုန်ပြတ်မှဒီကိုပြန်လာလို့ရလိမ့်မယ် သူလွယ်လွယ်နဲ့အတိတ်ကိုသွားနိုင်ခဲ့တာမဟုဘူး"

10ရက် April 2022

"သေချာပီလားရူဘီဂျိမ်း"

"သေချာပါတယ်အရင်တုန်းကလိုထပ်မဖြစ်စေရတော့ဘူး သူမအကုန်မှတ်မိအောင်အတိတ်ကိုပို့ပေးပါ အတိတ်ကိုလဲပြောင်းရမယ် အထူးသဖြင့်အဲ့ကျိန်စာ အဲ့ကျိန်စာကိုဖယ်ရမယ်"

"ကောင်းပြီ ပေးလက်စွပ် ငါရောက်အောင်ပို့ပေးမယ် ဒါမဲ့တစ်ခုတော့ရှိတယ်အတိတ်ကိုမှတ်မိနိုင်ပေမဲ့ပြောင်းလဲဖို့ကတော့မလွယ်ကူဘူး"

REPLY (Complete)Where stories live. Discover now