"မဟုပါဘူးသာပြောတယ် တော်တော်အနမ်းခံချင်နေတာပဲ"
'ကျမဘာမှတောင်ပြန်ပြောချိန်မရလိုက်ထွက်သွားတဲ့သူမ ကျမပုံစံကတကယ်ပဲအဲ့လိုဖြစ်နေတာလား အခုမှစတွေ့တဲ့သူအပေါ်မှာလေ'
အမြန်ရေချိုးပြီးထွက်လာလိုက်တယ် သူမကတော့မရှိတော့
အဝတ်အစားခန်းလို့ထင်ရတဲ့နေရာကိုဝင်လိုက်တော့ တကယ့်မင်းသမီးပီသပါတယ် ပုံစံတူအရောင်ကွဲ တွေများသည်အများစုကတောါအဝါရောင် ကျမလည်းအဝါရောင်ကြိုက်တော့အတော်ပဲဖြစ်သွားတယိဒါမဲ့ဘယ်လိုဝတ်ရပါ့"ဟို အပြင်မှာဘယ်သူရှိလဲ"
"ဟုတ်ကဲ့ သခင်မလေး ဘာများအလိုရှိလို့လဲ"
"သမားတေယ်ကင်ဂျန်းနီကိုခေါ်ခဲ့"
"အမိန့်တော်အတိုင်းပါ"
ခနကြာတော့သူမဝင်လာသည်
"ကဲ မတွေ့ရမနေနိုင်ဖြစ်နေတာလားပရမ်လေး"
"မဟုပါဘူး တော်တော်ဘဝင်မြင့်နေတာပဲ"
"တို့သိတဲ့ပရမ်ပရီယာတော့ဟုရဲ့လား တို့သိတဲ့ပရမ်လေးကတို့ကိုအရမ်းကပ်တာနောက်ပြီး တို့ပြောရင်မငြင်းဖူးဘူး"
"ဟို အဲ့ဒါကလေ"
"ကဲပါ ထားပါ ခုကဘာကိစ္စ"
"အဝတ်အစားဝတ်ပေး"
ကျမအဲ့လိုပြောတော့သူမပြုံးသည်
"ဟင်းး သမားတော်မလုပ်ဘဲသခင်မလေးရဲ့အထိန်းတော်ပဲလုပ်ရတော့မယ်နဲ့တူတယ်
အခုမှအရင်နဲ့တူတာအရင်ကလဲအဝတ်အစားဆိုတို့ဝတ်ပေးရတာမလား ရေတောင်တစ်ခါတစ်လေတို့ချိုးပေးရတာကို"'အဝတ်အစားဝတ်ပေးခိုင်းတာချင်းတူပေမဲ့အကြောင်းတရားမတူပါလေ မင်းသမီးကသူ့ ချစ်သူကိုချွဲချင်တာ ကျမကမဝတ်တတ်တာမလား?'
"အဝါရောင်ပဲဝတ်မှာမလား"
"အွန်း"
....
"ကဲပြီးပြီ တို့ချစ်သူလေးကချစ်စရာလေးပဲ"ကျမနောက်တစ်ခါအသံထွက်ရယ်မိပါသည်
"ရယ်ပြန်ပြီ"
"မဟုပါဘူး ကင်ဂျန်းနီလိုပုပုလုံးလုံးလေးကကျမကိုချစ်စရာလေးလို့ပြောတော့ရယ်ချင်လို့ပါ"

YOU ARE READING
REPLY (Complete)
De Todo...အချိန်ကာလတွေဘယ်လောက်ပဲပြောင်းလဲသွားပါစေ သူမအပေါ်ထားတဲ့ကျမအချစ်ကတော့ပြောင်းလဲသွားမှာမဟုဘူး... Start Date -6.7.2022 End Date -23.7.2022