မနက်ရောက်တော့လီဆာနိုးလာခဲ့တယ် ဒါပေမဲ့...
"သခင်မလေး သခင်မလေး"
ဟင်
"သခင်မလေး သမားတော်ကဝင်ခွင့်တောင်းနေပါတယ်ဝင်ခွင့်ပြုလိုက်ရမလား"ကျမခုထိနားမလည်သေး ကျမကိုသခင်မလေးလို့ခေါ်နေတဲ့သူကိုခေါင်းငြိမ့်ပြမိလားလဲမသိ
ကျမကိုယ်ကျမရှေ့မှာရှိတဲ့ကိုယ်လုံးပေါ်မှန်ထဲမှာကြည့်မိတယ်ကျမရဲ့မျက်မှန်လည်းမရှိတော့ နောက်ပြီး အဝတ်အစားတွေကလည်းခုခေတ်ပုံတော့မဟုတ် သေချာကြည့်လိုက်မှဖတ်နေကျစာအုပ်ထဲကပုံစံမျိုး
ပြီးတော့မှန်ထဲမှာပေါ်နေတာကျမမျက်နှာပါပဲ
'အိမ်မက်မက်နေတာများလား'ဆိုပြီးအသားကိုဆိတ်ကြည့်တော့နာသည် လန့်နိုးမသွား..
'ငါတကယ်စာအုပ်ထဲရောက်သွားတာလား'
ဒါဆိုဘာကြောင့်ရောက်သွားတာ အာလက်စွပ် ဟုတယ်ဟိုလက်စွပ်ကြောင့်ပဲ
ကျမလက်ကိုကြည့်လိုက်တော့လက်စွပ်ကမရှိတော့ ဟာာ"သခင်မလေး"
'ဟင် ခုလူကစောနကအဒေါ်ကြီးတော့မဟုတ်အဲ့လူထက်လှသည် ငယ်သည်'
"ဘာလဲ"
"ဟာ တို့ကိုအော်တာလား ပရမ်နော်"
'ဟမ်တကယ်ဆိုခုကကျမကမင်းသမီးမလားသူမကဘာကြောင့်ခုလိုပြောရတာလဲ'
"ပရမ်လေးလို့ တို့ကိုစိတ်မစိုးပါနဲ့ကွာ မနေ့ကလည်းလေအဲ့တာတခြားသူမဟုဘူး ငယ်ငယ်တည်းကခင်တဲ့သူမို့ပါ"
'ကျမကိုယ်ကျမလည်းဘာကိုစိတ်စိုးရမယ်မှန်းမသိပါဘူး'
"စကားပြောဦးလေကွာနော်"
"ဟို နာ..နာမည်က"
"မနေ့ကလူလား?"
"မဟုဘူး ဟို အမနာမည်"
"ဘယ်လို? အော် ပရမ်ပရီယာ့ရဲ့ကောင်မလေးလို့ခေါ်တယ်ရှင့်"
'အမလေးဘုရားရေ ကောင်မလေးတဲ့လား ဒီခေတ်မှာလဲဒီလိုတွေရှိခဲ့တာပါပဲလား စာအုပ်ထဲမှာတော့ဒီအကြောင်းအရာမပါခဲ့'
"နာ နာမည်အရင်းမေးတာ"
"အယ် နေမကောင်းဘူးလား?"
"ဖြေမှာကိုဖြေပါ..."
"သမားတော်ကင်ဂျန်းနီသခင်မကြီးကလာခဲ့ပါဦးတဲ့!"

YOU ARE READING
REPLY (Complete)
Random...အချိန်ကာလတွေဘယ်လောက်ပဲပြောင်းလဲသွားပါစေ သူမအပေါ်ထားတဲ့ကျမအချစ်ကတော့ပြောင်းလဲသွားမှာမဟုဘူး... Start Date -6.7.2022 End Date -23.7.2022