REPLY-Extra

1.3K 77 1
                                    

3နှစ်ကြာပြီးနောက်...

"ဂျိမ်းရေဂျိမ်း မပီးသေးဘူးလားကြာလိုက်တာ"

ဒီနေ့ရိုချယ်တို့ပြန်လာမှာပင်
သူနဲ့မတွေ့ရတာနှစ်နှစ်လောက်ရှိပြီ
အရင်တစ်ခေါက်ဒီပြန်လာပီးကတည်းကမလာဖြစ်တော့တာပင်
ဂျိမ်းခြေထောက်ကလည်း
လုံးလုံးပြန်ကောင်းတာတစ်နှစ်လောက်ရှိပြီ
ကျမမေတ္တာတွေအချစ်တွေကြောင့်ပေါ့ဟဲ"

အခုဂျိမ်းအလှပြင်နေတာမပြီးနိုင်မစီးနိုင်ပါပဲ
ထပ်ခေါ်မလို့ကြံတော့ နှုတ်ခမ်းလေးဆူပြီး ‌ဖနောင့်ပေါက်‌ကာထွက်လာတဲ့သူမလေး
ဘယ်လောက်ချစ်ဖို့ကောင်းလိုက်မလဲ
မြင်ယောင်သာကြည့်ကြပါတော့

"တို့အသက်က30ရှိပီဆိုတော့စိတ်မရှည်ချင်တော့ဘူးပေါ့လေ"

"ဟာဗျာ မဟုရပါဘူး ဂျိမ်းရယ် လေယာဉ်ချိန်နောက်ကျသွားမှာစိုးလို့ပါ မကြိုလိုက်ရဘဲ သူတို့ကဒီတန်းရောက်လာအုံးမယ်"

"ဟွန့်ကြည့် ဂျိမ်းတဲ့အရင်ကဆိုဂျိမ်းလေးဂျိမ်းဆလးနဲ့ ဘာလဲအသက်က30ရီတဲ့လူဆိုတော့‌"လေး"တောင်ထည့်မခေါ်ချင်တော့ဘူးပေါ့"

လှည့်ပတ်ရစ်နေတယ်ဂျိမ်းပါလေ
အခုမှမဟုတ်လွန်ခဲ့တဲ့၅လလောက်ကသူမအသက်30ပြည့်ပြီးတည်းက
ဘာနေနေအသက်30မို့ကြောင့်နဲ့ကိုင်ပေါက်နေတော့တာ

ဥပမာ....

"ဂျိမ်းရေ လာတော့လေထမင်းစားရအောင်ပြင်ပြီးပြီ လီအလုပ်လုပ်စရာရှိသေးလို့စားနှင့်နော်"

"ဟွန့်တို့ကအသက်30ရောက်ပီဆိုတော့ခွံ့တောင်မကျွေးချင်တော့ဘူးပေါ့"

"ဂျိမ်းရေ အိပ်ရအောင်လေ tvရှေ့ကထခဲ့တော့ညဉ့်နက်နေပြီ"

"အသက်က30ရှိနေတဲ့လူကိုချီတောင်ချီမခေါ်ချင်တော့ဘူးပေါ့လေ"

"ဂျိမ်း မနက်ကလေ အလုပ်ကအရေးကြီးလို‌့စောစောသွားရတယ် အဲ့ဒါကြောင့်ဂျိမ်းလည်းအိပ်ပျော်နေတာနဲ့မနှိုးပဲထွက်လာခဲ့တာ"

"အင်းပေါ့ တို့ကအသက်30ရှိပီဆိုတော့ဘယ်ကိစ္စမှအသိမပေးတော့ဘူးပေါ့"

အဲ့ဒါပါပဲ အဲ့ကတည်းက အသက်30ဆိုတဲ့စကားကအိမ်မက်ထဲထိတောင်ပါလာသည်အထိ
အသက်30လို့သာပြောတယ် 3နှစ်သမီးလေးလိုချစ်ဖို့ကောင်းနေတာကိုမသိဘူးလားမသိ
ဒီလိုလှလဲလှချစ်ဖို့‌လည်းကောင်း အရာရာပြည့်စုံနေတဲ့သူမအချစ်ကိုရထားတဲ့ကျမကအရမ်းချောလို့စိတ်ကောင်းရှိလို့ပဲဖြစ်ရမယ်
မဟုဘူးလား (လိပ်ကြီးငလစ်)

REPLY (Complete)Where stories live. Discover now