Part 3

368 13 0
                                    

Unicode

ဖန်သားဖြင့် ခြားထားသည့် အပြင်လောကတွင် နေရောင်က လျှပ်ပြေးနေသည်။ လက်ချင်းတွဲကာ လျှောက်လာသော စုံတွဲတစ်တွဲ၏ မျက်နှာတွင် ကိုယ်စီအပြုံးပန်းများ ဝေဆာနေ၏။ ကောင်လေးဖြစ်သူက စနောက်လိုက်ဟန် ရှိသည်ထင်၊ ကောင်မလေးက နွဲ့နှောင်းစွာဖြင့် ထိုကောင်လေး၏ လက်မောင်းကို လှမ်းရိုက်လိုက်သည်။ နာကျင်စေခြင်း စိတ်ဆန္ဒ မပါဝင်သည်မို့ မနာကျင်ခဲ့သော ကျီစယ်မှုအား ကောင်လေးဖြစ်သူက မရှောင်တိမ်းချေ။

ထိုသူတို့၏ ရယ်မောသံများကို ကျွန်တော် မကြားရသော်လည်း ပြုံးမိသွားသည်။

"ဘာလဲ? အားကျလို့လား"

မြတ်ယွန်း၏ အမေးကြောင့် ခေါင်းခါပြရင်း ပိုပြုံးပြလိုက်သည်။

ဖြစ်တည်မှုခြင်း တူညီနေသည့် လူသားတစ်ယောက်ကို ချစ်ခဲ့မိခြင်းသည် ကျွန်တော့်ဘဝ၏ နောင်တတစ်ခု မဟုတ်ခဲ့ချေ။ လူရှေ့သူ့ရှေ့ မြင်ကွင်းမှာ ချစ်သူ၏ လက်ကို တွဲသွားရခြင်းထက် ချစ်သူကို မျက်နှာကို ထိုင်ကြည့်နေရခြင်းအား ပိုသဘောကျသည်။ အခြားစုံတွဲကို အားကျမိခြင်း မရှိအောင်ကို လင်းထင်က ကျွန်တော့်ကို အပြည့်အဝ ချစ်ပေးပြီးသား...

ဒါတွေကို ပြောရင်လည်း မျက်စိရှေ့က အပျိုကြီး နားလည်နိုင်မယ်မထင်။

"ဟဲ့! နင် ဘာတွေးနေလည်း ငါသိနေတယ်"

"ကမ္ဘာပေါ်မှာ ရှိရှိသမျှ လူတွေက ငါအချစ်ကို လက်ခံပေးဖို့ မလိုဘူး။ အသိအမှတ်ပြုဖို့လည်း မလိုဘူး။ လင်းထင် တစ်ယောက်တည်း လက်ခံပေးပြီး အသိတ်အမှတ်ပြုပေးရင် တော်ပြီ"

"အမျိုးသားဖြစ်သူလိုမျိုး ရောင့်ရဲတတ်သွားတာလား?"

"ဟား... ဟား... အဲ့ဒီအသုံးအနှုန်းက ကြက်သီးထဖို့ကောင်းလွန်းတယ်"

"ဘာလဲ... မဟုတ်ဘူးလား?"

မေးငေါ့ကာ ပြုံးစစနှင့် ပြောလာသည့် မြတ်ယွန်းစကားကို ကျွန်တော် ပြန်မချေပနိုင်။ မြတ်ယွန်းဆိုလိုသည့် အဓိပ္ပာယ်ကို ကျွန်တော် နားလည်သည်။ သို့သော် ကျွန်တော့်အနေအထားကို ကျွန်တော်ကိုယ်တိုင်လည်း နားမလည်သေး။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now