Thank You For Read

196 10 1
                                    

Unicode

နောက်ဆုံးတော့ ခရီးစဉ်လေးပြီးဆုံးသွားပါပြီ။ ရည်ရွယ်ခဲ့တာ ခရီးရှည်ကြီး မဟုတ်ပေမယ့် personal ကိစ္စလေးတွေကြောင့် ကြန့်ကြာခဲ့တာတွေ ရှိခဲ့တယ်။ အမှတ်တရလေးတွေကလည်း ခပ်စိပ်စိပ်ရယ်...

ရှင်တို့လေးတွေကို ကျေးဇူးတင်လွှာရေးသင့်တယ်လို့ စိတ်ကူးလိုက်တော့ လက်ဖျားခြေဖျားတွေ အေးစက်ကုန်တယ်။ ဘယ်လိုပြောရမလဲ? လူတစ်ယောက်ကို ရည်းစားစကားပြောတဲ့ ခံစားချက်မျိုးနဲ့ ခပ်ဆင်ဆင်ပဲ။ ပြောချင်တဲ့ အကြောင်းအရာကို သိတယ်။ ဘယ်ကစလို့ ဘယ်လိုအဆုံးသတ်ရမလဲသာ မသိတာ...

ဒီလူမှာ ရှင်တို့တွေကို ပေးစရာ ချစ်ခြင်းမေတ္တာရယ်၊ ပြောစရာ ကျေးဇူးတင်စကားကလွဲပြီး ဘာမှမရှိတဲ့အတွက် အားနာမိတယ်။ အားပေးမှုတိုင်းကိုလည်း တန်ဖိုးထားပါတယ်။ လွန်းပန်းဆီကနေ ကျေးဇူးတင်စကားကို အကြိမ်ကြိမ် ကြားဖူးနေခဲ့ရင်တောင် ကျေးဇူးတင်စကားတိုင်းက လေးနက်ပါတယ်။

ဒီခရီးစဉ်ရှည်ကြီးကို အဆုံးသတ်ထိစီးမြောခံစားပေးခဲ့တဲ့ ရှင်တို့လေးတွေရဲ့ ရင်ထဲမှာ ခံစားချက်လေး တစ်ခုခုတော့ ဖြစ်တည်ကျန်ရစ်ခဲ့မယ်လို့ မျှော်လင့်မိတယ်။ အဲ့ဒီခံစားချက်လေးတွေကို မြိုသိပ်မထားဘဲ ရေးပေးသွားရင် ရှင်တို့လေးတွေလည်း စိတ်ပေါ့ပါးသွားမယ်။ လွန်းပန်းအတွက်လည်း အမှတ်တရဖြစ်သွားတာပေါ့။ ထင်မြင်ယူဆချက်လေးတွေဆိုလည်း လွန်းပန်း တန်ဖိုးထားပါတယ်။

"ကန့်လန့်ကာပါး" ကို တကယ်တမ်း အပြီးသတ်စာတန်းထိုးလိုက်ရတော့ လွန်းပန်းဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေထဲမှာ ဘုဏ်းမြတ်အပေါ် အချစ်နည်းနည်းပေါ့သွားတယ်လို့ ခံစားလိုက်ရတယ်။ ဒီတော့... အချစ်တွေ ပိုပိုသာသာ ဖြည့်ထားတဲ့ ဘုဏ်းမြတ်ရဲ့ ဒိုင်ယာရီလေးကို ချပြမယ်လို့ ပေးထားတဲ့ ကတိကို တည်ပါတော့မယ်။

အစအဆုံးပြီးမှတင်ပေးမယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့် လူက မနေနိုင်တော့ဘူး။ ရှင်တို့လေးတွေကို အရမ်းဖတ်စေချင်နေပြီ။ ဒါကြောင့် wall ထဲမှာ ဝင်ကြည့်လိုက်ပါနော်။ သေချာတာတော့ အဆုံးသတ်ကို ဇွန်လကို မကူးစေရပါဘူး။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now