Part 9

322 14 2
                                    

Unicode

“ကော်ဖီပဲ သောက်တာလား။ ကြက်ဥပေါင်မုန့်ကြော်ရော…”

“တော်ပြီ။ အလုပ်မှ မသွားတာ။ ဗိုက်ဆာရင် အချိန်မရွေးစားလို့ရတာပဲ”

ထမင်းစားဝိုင်းမှ ထကာ ဧည့်ခန်းကို သွားလိုက်သည်။ အနည်းငယ် ညောင်းချိနေသော ခြေထောက်ကြောင့် ခြေလှမ်းက သိပ်မသွက်။ အရိပ်တကြည့်ကြည့် ကြည့်နေသူကြောင့် အားနည်းသည့်ပုံစံလည်း မပြချင်။ မနက်ကတည်းက လင်းထင်ဆီမှ “အဆင်ပြေလား” ဆိုသည့် စကားကို ကြားရတာ အကြိမ်ပေါင်း မနည်းတော့ချေ။

ယခုလို နှုတ်ဆိတ်နေခြင်းကလည်း ထပ်မေးလျှင် ကျွန်တော် စိတ်တိုတော့မှန်း လင်းထင်ရိပ်မိ၍ ဖြစ်သည်။

သည်နေ့က အလုပ်ပိတ်ရက်ဆိုပေမယ့် အလုပ်က မလုပ်လို့မရ။ ခက်လေးအပ်ထားသည့် အိမ်ဒီဇိုင်းက အကြမ်းဖျင်းသာ ဆွဲရသေးသည်။ ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် စားပွဲပေါ် အသင့်တင်ထားသည့် လက်ပ်တော့ပ်ကို ဖွင့်နေစဉ် တစ်စုံတစ်ယောက်၏ အကြည့်က ကျွန်တော့်ထံ စုပြုံနေသလိုမျိုး ခံစားလိုက်ရ၏။ လင်းထင်ဆီ လှည့်ကြည့်လိုက်တော့ မျက်နှာလွှဲသွားပြီး ပန်းကန်များကို သိမ်းဆည်းနေပုံက အပြစ်သားတစ်ဦးနှယ်။

နုနယ်သည့် မိန်းကလေးတစ်ယောက် မဟုတ်ဘဲ ယောက်ျားတစ်ယောက်ဆိုသည့် ကျွန်တော့်ဖြစ်တည်မှုကို လင်းထင် မေ့နေသလား…

လင်းထင်က ကျန်တာကို ရောင့်ရဲတတ်ပေမယ့် ကျွန်တော်နဲ့ ပတ်သက်ပြီး မက်မောကြောင်းတော့ သူဝန်ခံထားပြီးသား။ မနေ့ညက ကျွန်တော်တို့ အတူနေဖြစ်ကြသည်။ တစ်ကြိမ်ထက် ကျော်လွန်ခဲ့သော နွေးထွေးမှုကလည်း နှစ်ဦးစလုံး၏ ကြည်ဖြူမှုပါပဲ။

ယောက်ျားလေးပဲလေ… လိုအင်ဆန္ဒတွေ ရှိတာပဲ။ ချစ်လွန်းလို့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတွေကို လျစ်လျူရှုခဲ့ကြတာလေ။

“ကမ္ဘာ… ခြေထောက်ကိုက်တာ သက်သာလား။ ဆေးပူ ထပ်လိမ်းဦးမလား”

အတွေးများနေစဉ် လင်းထင်က ကျွန်တော့်ဘေးနား ရောက်လာသည်။ မဖြစ်ဘူး။ သစ်သားတုံးကြီး ဒီလိုလုပ်နေပုံနဲ့ မဖြစ်။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now