Part-1(U+Z)

5.2K 155 17
                                    

(Unicode )

Yangon zoo on 1.4.2021

ညိုရေ...
လူတွေက
သိပ်ရက်စက်တယ် ညိုရယ်။
Covid ကြောင့် တစ်နှစ်လေး
အိမ်ထဲနေရတာကို ပင်ပန်းတယ်တဲ့
6 နှစ်လုံးလုံး ဒီသံတိုင်တွေကြားထဲမှာပဲ
နေနေရတဲ့ ကို့ကိုတော့
သူတို့ ကိုယ်ခြင်းမစာနာကျဘူး ညိုရယ်။
မိသားစုနဲ့ အတူတူ စားလိုက်သောက်လိုက်
Tv လေးကြည့် Phone လေးကြည့်ပြီး
နေရတာ ငရဲဆန်တယ်တဲ့ ညိုရယ်။
မင်းဗိုက်ထဲက ကိုတို့
ကလေးကိုတောင် မမြင်လိုက်ရပဲ
ဒီသံတိုင်တွေကြားမှာ တစ်ကောင်ထဲ
အထီးကျန်နေရတဲ့ ဒီမျက်လုံးတစ်ဖက်ကန်းနေတဲ့ကျားအိုကြီးကို သူတို့
ကိုယ်ချင်းမစာကျဘူး ညိုရဲ့။
ကိုတို့ ကလေးလေး အခုဆို
ခြောက်နှစ်ယောက် ရှိနေလောက်ပြီပေါ့နော်။
သားလေးလား သမီးလေးလား
ကိုယ်နဲ့တူလား မင်းနဲ့များ တူနေမလား။
မင်းနဲ့ကို့ကလေးလေးကို
ကိုတွေ့ချင်တယ် ညို။
မင်းတို့ကို တွေ့ရမဲ့ ရက်ကို
သံတိုင်ကြားကနေ မျော်မှန်းရင်း
ငေးနေရတယ် ညိုရယ်။
တစ်ခါတစ်လေတော့ ကိုမျော်လင့်ချက်တွေ
မှေးမှိန်လာပြီး မျော်ရတာ ပင်ပန်းလာပြီ။
ကို အရမ်း ပင်ပန်းနေပြီ ညိုရေ
ကို့ကို လာကယ်ပါ။
ဒီသံတိုင်တွေက မွန်းကြပ်တယ်။
အရင်လို မင်းရင်ခွင်ထဲဝင်ပြီး ချွဲချင်သေးတယ်
ကို့ကလေးနဲ့လည်း ဆော့ချင်သေးတယ် ညိုရေ။
ကို့ကို လာခေါ်ပါတော့ ကို့ကိုကယ်ပါ
ညိုရေ ကို့ကိုကယ်ပါ။
ညို!!!ညို!!!

ညိုလာကယ်ပါ့မယ် အကို။
"အကို..........!!!"

"သားရေ သားးး!! ဘာဖြစ်နေတာလည်း
အိမ်မက်ဆိုးမက်နေတာလား
အမေရှိတယ်နော် အမေရှိတယ်"

အိမ်မက်မက်ပြီး အကို အကိုဆိုပြီး
အော်ခေါ်လျက် မျက်ရည်ပါကျနေတဲ့
သူ့သားလေးကို ရင်ခွင်ထဲထည့်က
ချော့နေရှာတဲ့ ဒေါ်စောမြင့်မောင်။

"အမေ သား အကို့ကိုကယ်ရမယ်"
သူမြင်ယောင်နေသည်မှာ အရင်ဘဝက
ဆက်နွယ်မှုလေးဖြစ်နေပင်မဲ့
6နှစ်အရွယ်ကလေးအတွက်တော့
ဒါက အရင်ဘဝပါဆိုတာ ခွဲခြားနိင်စွမ်း
မရှိခဲ့ပါ။

"သားမှာ အကိုမှ မရှိတာ
သားက အမေတို့အတွက် တစ်ဦးထဲသော
သားလေ"

We meet again in 2045(or)နောက်တစ်ကြိမ်တွေ့ဆုံခြင်း(Completed)Hikayelerin yaşadığı yer. Şimdi keşfedin