Episode - 9

282 75 30
                                    

နန်းတော်ထဲကနေ ဂင်မ် ဦးဆောင်ပြီး
ခေါ်သွားတဲ့နေရာက လမုန့်ပွဲတော်နှင့်
အတူတွဲပြီး ကျင်းပသည့် မီးပုံးပွဲတော်ပင်။

လူတွေရှုပ်ယှက်ခတ်နေသည့်
ပွဲတော်ဈေးတန်းထဲ မဝင်ခင်
ဂင်မ်က သူ့လက်တွေကို မြဲမြဲ
ဆွဲကိုင်လာသည်။

" ငါနဲ့အတူရှိနေတဲ့အချိန်တိုင်း အရောင်
ပြောင်းသွားတတ်တဲ့ မင်းရဲ့
မျက်ဝန်းတွေကို ငါသဘောကျတယ်
ဟွန်း... မင်းနဲ့ငါနဲ့ကြားမှာ ဆက်သွယ်မှုလေး
တစ်ခု ရှိနေသလို ခံစားရတယ် "

အနီးအနားမှာ ကြည့်မှန်မရှိလို့ မျက်မြင်
မသိရပေမယ့် သူ့မျက်လုံးတွေ ထပ်ပြီး
အရောင်ပြောင်းသွားပြန်ပြီလား။

ဂင်မ်နဲ့အတူ ဈေးတန်းထဲမှာ လျှောက်သွားရင်း
စိတ်ထဲမှာ ရှုပ်ထွေးမှုတစ်ဝက် ပျော်ရွှင်မှု
တစ်ဝက် ခံစားနေရသည်။ လွန်ခဲ့သော
၁၅ နှစ်က ဒီမီးပုံးပွဲတော်မှာ
သူ့မယ်တော် လုပ်ကြံခံခဲ့ရသည်။ မယ်မယ်
နတ်ရွာစံသွားပြီးကတည်းက ဂင်မ်
ခေါ်မလာသေးသ၍ သူ့ဘဝတလျှောက်
ဒီနေရာကို တစ်ခါမှ ထပ်မလာခဲ့ဖူးပါပေ။

သို့ပေမယ့် အတိတ်က ဖြစ်ရပ်ကို
အတိတ်မှာပဲ ထားခဲ့သင့်ပြီလား။

ဂင်မ်နဲ့အတူ စာအုပ်ဆိုင်တွေထဲ
ဝင်ကြည့်ကြသည်။ အခုတလော
ရေပန်းစားနေသည့် အချစ်ဝတ္ထုများ၊
အခြားဗဟုသတစာအုပ်များရော စုံလင်စွာ
တွေ့ရသည်။ ပန်းလေးများကဲ့သို့ လှပနေသည့်
မိန်းမပျိုလေးများစွာကိုလည်း
စာအုပ်ဆိုင်ထဲမှာ ဆက်တိုက်တွေ့နေရသည်။

ဆယ်ဟွန်း စစ်ရေးဗျူဟာစာအုပ်တစ်အုပ်ကို
ကောက်ယူပြီး စိတ်ဝင်တစား ကြည့်နေမိသည်။

" သူဌေး ဒီစာအုပ်ယူမယ်နော် "

သူစာအုပ်ကို လှန်လှောကြည့်နေဆဲမှာပင်
ငွေရှင်းပြီးပြီ ဖြစ်တဲ့ ဂင်မ်။

ကြည့်ရတာ သူ့ကို စာအုပ်ဆိုင်ထဲမှာပဲ
အချိန်မဖြုန်းစေချင်သည့်ပုံပင်။

ထို့နောက် စာအုပ်ဆိုင်မှ ထွက်ကာ
ပွဲတော်အတွင်းသို့ ပြန်ဝင်လာခဲ့သည်။

လမ်းတစ်လျှောက် ထွန်းညှိထားတဲ့
ရောင်စုံမီးပုံးတွေဆီမှ အနွေးဓာတ်က
ဆောင်းဦးရဲ့ အအေးဓာတ်ကို အံတု
ပေးနိုင်သည်။ မီးမှုတ်ကာ ဖျော်ဖြေနေသူများ၊
ကြိုးတန်းပေါ်မှာ လမ်းလျှောက်ပြရင်း
တစ်ချိန်တည်းမှာပင် ရယ်ရအောင်ပါ
ဖျော်ဖြေနေသူများ၊ ပွဲတော်ကို လာရောက်
လည်ပတ်သူများဖြင့် စည်ကားနေသည်။

My Devotion to YouWhere stories live. Discover now