တိတ်ဆိတ်ခြင်းတို့ကား ကြီးစိုးလျက်...။
တစ်ခါတစ်ခါ ညဉ့်ငှက်တို့၏
ယောင်ယမ်းအော်မြည်သံကလွဲလျင်
ဘာအသံမှ မကြားရ။အိမ်တော်ထိန်းဂန်းနဲ့အတူ
အစေခံအယောက်ငါးဆယ်ခန့်
အခန်းအပြင်မှာ အသင့်ရှိနေပေမယ့်
သူ့ဒေါသကို ကြောက်လို့
အခန်းထဲမဝင်ရဲဘဲ အပြင်မှာပဲ
တိတ်ဆိတ်စွာ ခစားနေကြသည်။လျှပ်စီးလျှပ်နွယ်တို့ အချိန်မဟုတ်
အခါမဟုတ် ကောင်းကင်ယံမှာ
မြူးထူးနေသည်ကလည်း
ကြောက်လန့်စရာ။ မီးပုံးပွဲတော်တော့
ရုတ်တရက် ရာသီဥတုဆိုးဝါးမှုကြောင့်
ဖျက်သိမ်းလိုက်ရတော့မည်။ဆယ်ဟွန်းလဲလျောင်းနေသည့်
ကုတင်ဘေးမှာ ဂင်မ် စိတ်မအေးနိုင်စွာ
ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။သူသာ ဟွန်းအနားက ထွက်မသွားခဲ့ရင်
ဒီလိုမျိုးတွေ ဖြစ်လာစရာ အကြောင်းမရှိ။
မိန်းကလေးတစ်ယောက်ကြောင့် ဟွန်းက
သူ့လက်တွေကို ဖြုတ်ပစ်သည်ကို
ကလေးဆန်စွာ စိတ်ဆိုးမိလို့ အခုလိုမျိုး
အဖြစ်အပျက်နဲ့ ကြုံခဲ့ရသည်မလား။ပွဲတော်ကို လာလည်တုန်း မယ်တော်က
လုပ်ကြံခံလိုက်ရ၍ စိတ်ဒဏ်ရာရနေသည့်
ကလေးကို တစ်ပုံစံတည်း ဆင်တူသော
လုပ်ကြံမှုမျိုးကို ပြန်ကြုံတွေ့စေခဲ့သည်။သူဘယ်လောက်တောင် အသုံးမကျခဲ့တာပါလဲ...
ဟွန်းလက်မောင်းပေါ်က
အပူလောင်ဒဏ်ရာကို မြင်တိုင်း" မင်းက ကိုယ်ချစ်ရတဲ့သူကိုတောင်
ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ် "ဆိုပြီးသူ့ကို သတိပေးနေသလိုပင်။
ဆယ်ဟွန်းဆွဲထားတဲ့ လက်စွပ်ဆီမှ
အချက်ပြမှုကြောင့် ဂိုဒေါင်ရှိရာသို့
သူရောက်သွားချိန်တွင် ဆယ်ဟွန်းက
အပူလွန်ပြီး ထောင့်မှာခွေခွေလေးလဲနေပြီ။
အနားမှာ လုပ်ကြံသူဟုယူဆရသည့်
အလောင်းနှစ်လောင်းကိုလည်းတွေ့ရသည်။သို့ပေမယ့် သူ့ရဲ့အလိုလိုသိစိတ်က
ထွက်ပြေးသွားသည့် နောက်တစ်ယောက်
ရှိသေးသည်ဆိုတာကို တပ်အပ်ပြောနေသည်။