Episode - 8

257 77 17
                                    

" သားတော် လက်ထပ်သင့်ပြီ... "

ဆင့်ခေါ်ခံရလို့ အဆောင်တော်ကို ရောက်ရောက်ချင်း ခမည်းတော်ရဲ့စကားကြောင့် ဆယ်ဟွန်းအံ့သြမိသွားသည်။ သူ့ကို လုပ်ကြံခဲ့သည့်အမှုကိုမှ စစ်လို့မပြီးသေးတာကို ဘာကြောင့် လက်ထပ်ပွဲကို အလောတကြီး စီစဉ်ချင်ရတာပါလဲ။

" ခမည်းတော်... သားတော်က ... "

" ငြင်းဆန်ဖို့ မကြိုးစားပါနဲ့... အိမ်ရှေ့မိဖုရားလောင်းက သားတော်ကို သုံးနှစ်သုံးမိုးတောင် သစ္စာရှိရှိနဲ့ စောင့်နေခဲ့တာ... ဒီထက်ပိုပြီး စောင့်ခိုင်းလို့ မသင့်တော်ပေဘူး... "

ခမည်းတော်ရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက် အရိပ်အယောင်တွေ ဝေနေသည်ကို ဆယ်ဟွန်းကောင်းကောင်း မြင်နေရသည်။ လက်ဝဲအမတ်ကြီးရဲ့ တစ်ဦးတည်းသောသမီး ဖြစ်တာမို့ အနာဂတ်မှာလည်း သူ့ကို အထောက်အပံ့ပေးနိုင်မည်ဟု စဥ်းစားကာ လက်ခံစေ့စပ်ထားခဲ့တဲ့ မိဖုရားလောင်း... အခုအချိန်မှာတော့ မိဖုရားအပေါ်မှာ ဘာခံစားချက်မှ မရှိတော့သလို ခံစားရသည်။

ဒါပေမဲ့လည်း တစ်ချိန်ကျရင် ရာဇပလ္လင်ကို ဆက်ခံရမယ့်သူတစ်ယောက်အနေနဲ့ သူ့မှာ ငြင်းဆန်ဖို့အတွက် အခွင့်ရောရှိပါရဲ့လား။ ဘာပဲဖြစ်ဖြစ် တစ်ချိန်ကျရင် သူနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ရမှာပဲ။

" ခမည်းတော် စီစဉ်တဲ့အတိုင်း သားတော်နာခံပါ့မယ်... "

--------------------------

" အရှင့်သား... အရှင့်သားကို ကြည့်ရတာ လက်ထပ်ပွဲအကြောင်းကို အတည်ပြုပြီးတဲ့နေ့ကတည်းက တမှိုင်မှိုင် တထွေထွေနဲ့... အခုတည်းက မိဖုရားလောင်းကို တွေ့ချင်နေပြီလား... "

ဆယ်ဟွန်း ဖတ်လက်စ ပေလိပ်ကို ခဏချထားပြီး ရှေ့ကနေ ပြုံးဖြီးဖြီးနဲ့သူ့ကိုကြည့်နေတဲ့ အထိန်းတော်ကြီးကို မျက်လုံးလှန်ကြည့်လိုက်သည်။ ဆယ်ဟွန်းရဲ့ ဝါးစားမတတ်အကြည့်တွေကြောင့် အကြောင်းသိသူပီပီ လက်ဖက်ရည်ကြမ်း သွားယူလိုက်ပါဦးမယ်ဟုဆိုကာ အဆောင်တော်ပေါ်မှ ဆင်းသွားလေသည်။

အမြဲတမ်း စာကြည့်ဆောင်ထဲမှာ အချိန်ဖြုန်းရတာ မွန်းကျပ်လာ၍ ဒီနေ့တော့ ဆယ်ဟွန်း ဥယျာဥ်ထဲက လေသာဆောင်ဆီကို လေ့လာရမည့် စာလိပ်ပေရွက်အစုံဖြင့် ရောက်ရှိလာခဲ့သည်။

My Devotion to YouKde žijí příběhy. Začni objevovat