(Part-1)-Unicode

1.1K 74 9
                                    

"အဲ့မိန်းမက ဘယ်သူလဲ?"

ငါအခုခေါင်းလျှော်ပြီးလို့ ရေသုတ်ရင်းငုတ်တုတ်ထိုင်ရင်း ဖုန်းသုံးနေတယ်။ ခေါင်းသုတ်တယ်လို့သာပြောတာ သဘတ်ကိုခေါင်းပေါ် တင်ထားတာပါပဲ။ ဒီလိုအချိန်တွေရောက်ရင်တော့ တစ်စုံတစ်ယောက်ကို သတိရမိတာအကျင့်တစ်ခုလိုဖြစ်‌ေနတယ်။

ရုတ်တရက် လိုင်းပေါ်မှာတက်လာတဲ့ ငါ့အသိစုံတွဲပုံကြည့်ပြီး စိတ်ထဲမှာ သူတို့ကိုအားကျသလိုလေး ဖြစ်လာတယ်။

ဒီအတွဲက ဘယ်အချိန်ကြည့်ကြည့် ကြည်နူးနေတာပဲလေ။ ငါတို့အတွဲကျတော့ တစ်ယောက်နဲ့တစ်ယောက် အလုပ်များနေမှန်းသိတာနဲ့ အနှောက်အယှက်ဖြစ်မှာစိုးပြီးစကားမပြောဖြစ်ကြဘူး။ ဒိတ်မလုပ်တာလဲခုဆို တစ်လပေါ့။ ဖုန်းတောင်သိပ်မပြောနိုင်ပါဘူး။ ငါကလဲစာမေးပွဲ‌ေတွရှိ သူကလဲအလုပ်မှာ မန်နေဂျာဆိုတော့ ပိုအလုပ်များနေတာပေါ့။

"တောင်~"

[ငယ် ဘာလုပ်နေတာလဲ]

ဆိုပြီးmassageကနေ ငါ့ရဲ့အဒေါ်ကြီးက စာပို့လာတယ်။ ဒီနေ့ပိတ်ရက်မို့လို့ထင်တယ် အထူးတဆန်းစာတွေ ပို့နေတယ်ဆိုပြီး မရည်ရွယ်ပဲ ပြုံးမိသွားတယ်။

အင်းပေါ့ ဒီမိန်းကလေးနဲ့ဆိုရင် ဘယ်လောက်ပဲနှစ်တွေကြာ အရာရာသဘောကျရတာပါပဲ စာလေးတစ်ကြောင်းကအစ။

[ခေါင်းမသုတ်ပဲထိုင်နေတာ]

[ခေါင်း‌ေသချာသုတ်လေ ငယ်လေး နေမကောင်းဖြစ်သွားမှာပေါ့]

လို့စိုးရိမ်ပြီးပြောနေတာဖုန်းထဲကဆိုပင်မဲ့ ငါ့နားထဲကပါ အသံကြားနေရတယ်။ ဒါကြောင့်ပဲ သူမသဘောကျ ခေါင်းသုတ်ပြဖို့ အတွက် လိုင်းပေါ်ကနေ vcခေါ်လိုက်တယ်။

"တီတူတူ~"

"ကလစ်!"

"ငယ် ကဲကဲ သုတ်ပြသုတ်ပြ...ကိုယ်ထိုင်ကြည့်နေမယ်"

လို့ပြောပြီး အိပ်ယာထဲခေါင်းနှစ်‌ေနပြီးပြောရင်း ငါ့ကိုစိန်ပြေ‌နပြေ ထိုင်ကြည့်နေတဲ့နှာဘူးကြီးကို ကြည့်ပြီး အနီးအနားမှာသာငါ‌ရှိရင် သူနှာခေါင်းကြီးကို ဆွဲညစ်ပစ်တယ်လို့‌ေတွးမိတယ်။

My Becoming Wife is AJUMMA?Where stories live. Discover now