(Part-13)-Unicode

213 30 7
                                    

"To The Bone"

လေးနေတဲ့မျက်တောင်တွေကို ဖွင့်ပြီးနောက်မှာ ငါဟာအခန်းတစ်ခုထဲက အိပ်ယာပေါ်ရောက်နေမှန်းသိလာရတယ်။ အဖြူရောင်ဆေးတွေနဲ့အိမ်ခန်းထဲမှာ ကုတင်တစ်လုံးနဲ့ ၀ရန်တာ‌ေလးတစ်ခုပါရှိတာကို ‌ေတွ့ရသလို အဝါရောင်အောက်စက်အသေးလေးတင်ထားတဲ့ အမဲရောင်စာကြည့်ခုံလေးမှာထိုင်နေတဲ့ အမလွန်းကိုလှမ်းမြင်လိုက်ရတယ်။

"နိုးလာပြီလား"

မိုးစက်လေး‌‌ေတွ ကျနေတဲ့၀ရန်တာလေးအောက်ကခုံလေးမှာထိုင်နေရင်း သီချင်းတစ်ပုဒ်ကိုဖွင့်ရင်း ငါ့ကိုမေးလာတယ်။

"အင်း ဒါနဲ့ဘယ်လိုအိပ်ပျော်သွားတာလဲမသိဘူး အိပ်လို့တော့ကောင်းသား"

"အင်း မင်းနေသာရင်ပြီးရော"

"ဒါနဲ့ အမလင်းနဲ့က မတည့်ဘူးမဟုတ်ဘူးလား"

လို့မေးတော့ ပြုံးနေတဲ့မျက်နှာကို ပြန်တည်ရင်း ငါမထင်ထားတဲ့အရာကို အေးဆေးစွာနဲ့ပြောလာတယ်။

"သွေးတော်တာပဲ ရန်သူတွေမှမဟုတ်တာ"

"..."

"အင်း"

လို့အေးဆေးစွာနဲ့ ငါပြန်ဖြေခဲ့ပင်မဲ့လည်း တကယ်ကိုအံ့ဩရတယ်။ အပြုအမှုတွေ မျက်၀န်းတွေကိုအသာထား မိတ်ကပ်လိမ်းလိုက်ရင် တူနေတဲ့မျက်နှာပေါက်တွေကို မြင်တည်းက ငါ့စိတ်ထဲထင့်နေတာ အမှန်တွေလား။

ဒီလိုနဲ့တွေးနေတုံး ငါ့တို့ရဲ့စကားဝိုင်းလေးဟာတိတ်ဆိတ်ရင်း အခန်းထဲက Taylor swiftရဲ့ သီချင်းသံလေးသာလွှမ်းခြုံနေလေတယ်။

"Goddamn My pain fits in the plam of your freezing hand.. taking mine, but it's been promised to another"

သီချင်းသံခပ်ဆွေးဆွေးနဲ့ဝရန်တာလေးနားထိုင်နေတဲ့အမလွန်းဟာ ရုပ်တရက်ထလာရင်း အခန်းမီးကိုပိတ်ချလိုက်ရင်း ငါ့ဆီဦးတည်လာနေတယ်။ ခပ်ရေးရေး အမဲရောင်ခြေအိပ်ရှည်တွေနဲ့ သူမမှာသွယ်လျတဲ့ခြေထောက်ရှိမှန်း ခန့်မှန်းနိုင်တယ်။ ဒီလိုနဲ့ ငေးမောနေမိတဲ့ငါ့ရဲ့မျက်နှာကို လက်နဲ့ပင့်တင်ရင်း ငါ့ရဲ့နောက်လက်တစ်ဖက်ကို တွဲရင်း

My Becoming Wife is AJUMMA?Where stories live. Discover now