(Part-6)-Unicode

267 39 0
                                    

"မျက်၀န်းတွေ"

အသံလုံအခန်းထဲက အပြာရောင်မီးတန်းအောက် ဒရမ်တွေကြား ခပ်ဖြေးဖြေးနဲ့ ချွေးတွေရွဲနေတဲ့ သူမဟာ နားကြပ်ကိုဖြုတ်ပြီး ငါ့ဘက်ကိုလှည့်ကြည့်ရင်း‌ ပြုံးပြတာမြင်တော့ မနေနိုင်မထိုင်နိုင် ပြောမိတယ်။

"အပြုံးတွေ ဖောဖောသီသီ‌ပေးမနေနဲ့ ရည်းစားလေးကိုပဲပြုံးပြ"

ဒီလိုပြောတော့ အဒေါ်ကြီးဟာ ခပ်ဖွဖွရီရင်း ကျားသစ်တစ်ကောင်လိုမျိုး ငါ့အနားကိုဟန်ပါပါနဲ့လမ်းလျောက်ပြီး ငါ့လက်ထဲကဖုန်းကိုယူတယ်။ ဒီလိုနဲ့သူမ ငါ့ဖုန်းကိုယူပြီး သီချင်းတစ်ပုဒ်ကိုဖွင့်တယ်။

သီချင်းသံစလာတာနဲ့ ငါ့လွယ်အိတ်ကိုဘေးပို့ရင်း သူမငါ့လက်ကိုဆွဲမြောက်လိုက်ရင်း အတူကဖို့ခေါ်လေတယ်။

အမဲရောင်ရှပ်နဲ့ ချွေးစက်တွေကျနေတဲ့ သူမရဲ့ဆံပင်ဖျား။ အပြုံးစစနဲ့ တစွန်းတစထွက်နေတဲ့ ပါးချိုင့်ဖျော့ကိုကြည့်ခြင်းအားဖြင့်တော့ သူမဒီနေ့နေလို့ကောင်းနေတဲ့ပုံ။  ကြည်လင်နေတဲ့ မီးခိုးရောင် မျက်၀န်းတွေနဲ့မြူးကြွကြွနဲ့ကနေရင်း သူမရဲ့နှာဖူးကို ငါ့ရဲ့နှာဖူးနားကပ်ချလိုက်ရင်း နားပူစရာလေသံနဲ့

"Nothing u couldn't do or say is right
I already know just what I like"

ကြောင်အစွာနဲ့ပဲ flirtနေတဲ့အဒေါ်ကြီးရဲ့ဆွဲ‌ေဆာင်မှုအားပြင်းတဲ့လေသံအောက် ‌အတောင့်လိုက်ကြီးဖြစ်သွားမိတယ်။

'ဒါက...ဒါကတမျိုးပဲ'

"I will give my everything to u ,Bad girl, Need a bad girl,Need a bad girl"

သီချင်းသံမြူးမြူးကြား အဒေါ်ကြီးဟာနားအနားကပ်ရင်း

"ကဲဆိုပါအုံး စိတ်အခြေနေအဆင်ပြေသွားပြီလား မင်းရဲ့..ex?

"အရင်ဆုံး ဒီအခန်းကနေထွက်ရအောင် ဆိုင်ရှေ့ကိုသွားမယ်"

"ကောင်းပြီလေ မင်းထွက်နှင့် ကိုယ်လာခဲ့မယ်"

တစတစတိတ်ဆိတ်သွားတဲ့သီချင်းသံလေးရှိရာကနေ တဖန်စာအုပ်စဉ်တွေကြားကတဆင့် ဆိုင်ရှေ့ကိုပြန်ရောက်လာခဲ့တယ်။ အမလွန်းကတကယ်ကိုချောတဲ့သူဆိုတာလုံး၀သေချာပါတယ်။ အရပ်ရှည်ရှည် ပါးချိုင့်ဖျော့ဖျော့‌ေတွနဲ့ ငါသဘောမကျမိတဲ့ အဲ့မျက်၀န်းဖျော့။ ဒီမျက်၀န်းဖျော့တွေက ငါ့ကိုစိတ်ရှုပ်ထွေးစေတယ်။

My Becoming Wife is AJUMMA?Where stories live. Discover now