(Part-11)-Unicode

232 40 2
                                    

"မိုးစက်ကြားက သူမနဲ့ငါ"

တိတ်ဆိတ်နေတဲ့အခန်းထဲက လေသံတွေနဲ့အတူ သေနတ်မောင်းသံနဲ့ ခေါင်းနားကအထိအတွေ့ဟာ ငါ့ကိုစိတ်လှုပ်ရှားစေတယ်။ အဆုံးစွန်သော ရင်တုန်ရခြင်းတွေနဲ့အတူ ကလစ်နှိပ်တာနဲ့ သေဆုံးသွားမဲ့ ငါ့ဦးနှောက်ကို ပူပန်ရမဲ့အစား အမလင်းကိုပဲရွေးချယ်ချင်သေးတယ်။ ငါ့ရဲ့နှလုံးသားကိုပဲ အတိုင်းအဆမဲ့စွာ ရွေးချယ်မယ်။

"လက်ခံမယ်"

"ဂျိန်း ဂျိန်း"

"မ လှုပ် နဲ့"

ငါ့ရဲ့စကားဆုံးတာနဲ့ တရပ်စပ်ထွက်လာတဲ့ သေနတ်သံတေွကြားက အမလင်းရဲ့လေသံဟာ ရင်ခုန်ခြင်းတွေကို သယ်ဆောင်လာပြန်တယ်။ တကယ်ကို ဒီအမျိုးသမီးကို အရမ်းသဘောကျမိတယ်။

ခပ်ဟဟအပြုံးနဲ့ အမလင်းရှိလောက်မဲ့ဘက်ကို ခေါင်းကိုငဲ့လို့ကြည့်လိုက်တယ်။

ကြည့်ရတာ ငါ မသေသေးတဲ့ပုံပါပဲ။
ဒါဆို ဟိုလူရော...?

"ငယ်လာထ"

ဆိုပြီးငါ့ကိုအမလင်းက မျက်စိကအ၀တ်ကိုချွတ်ပေးပြီး လှေကားပေါ်ကမြန်မြန်ပြေးဆင်းလေတယ်။ ဆင်းနေတုံး ‌ေဘးကိုဝေ့ကြည့်တော့ စူးရဲနေတဲ့အပြာ‌ေရာင်အကြည့်တွေနဲ့ကြည့်နေတဲ့ လူကြီးတစ်ယောက်။ ဒီလိုမျိုးနဲ့ပဲ သူဟာပြောလာတယ်။

'ပြေးနိုင်သလောက် ပြေး' တဲ့။

မိုးစက်တွေကြား အမလင်းဟာငါ့ရဲ့လက်ကိုဆွဲပြီး အိမ်ကြီးထဲကနေထွက်လာခဲ့တယ်။

အမလင်းရဲ့ လက်ထဲက ပစ္စတိုသေနတ်လေးဟာ သူ့ဘောင်းဘီအိတ်ကပ်ထဲ လျှောကနဲဝင်သွာတယ်။

စိုရွဲနေတဲ့ဆံပင်တွေအောက်က စိုးရိမ်မျက်၀န်းတွေနဲ့ ခြုံကြည့်လာတဲ့ အမလင်းကြောင့် ငါဟာပြန်ပြီးသူမကိုအပိုင်ရလိုက်သလိုမျိုး..ခံစားခဲ့ရတယ်။

"လာ ငယ်"

ဆိုပြီးငါ့လက်ကို တင်းနေအောင်ဆွဲရင်း မိုးရေတွေကြားပြေးလွှားနေတဲ့ အမလင်းရဲ့ကျောပြင်ကိုကြည့်ပြီး ဒီနေ့မှာ ငါ့ရဲ့ကမ္ဘာလေးပြန်ပုံပေါ်လာခဲ့တယ်။

•••

"Come and take a walk on the wild side..let me kiss you hard in the pouring rain..u like ur girls insane"

My Becoming Wife is AJUMMA?Where stories live. Discover now