(Part-10)-Unicode

209 33 4
                                    

"ဖွင့်ဟခြင်း"

တိတ်ဆိတ်နေတဲ့ မိုးရာသီရဲ့မနက်ခင်းကို ထထိုင်ခြင်းနဲ့ နှုတ်ဆက်လိုက်တယ်။ ပြတင်းပေါက်နားက လိုက်ကာဟာလည်း ငြိမ်သက်လို့။ ခဏတာလောက် ရှုပ်နေတဲ့ဆံပင်တွေ အိပ်မှုန်စဝါးရုပ်နဲ့ထိုင်နေရင်း ခေါင်းအုံးပေါ်ပြန်လှဲချလိုက်တယ်။

ငါတကယ်မထင်ချင်သေးဘူး။ မိုးအေးနေတော့ တကယ်အိပ်လို့ကောင်းတယ်။

ရုတ်တရက် မနေ့ကအဖြစ်အပျက်ကိုသတိရသွားတယ်။ အမလွန်းက ငါ့ကိုချီသွားတဲ့ခံစားချက်ကြီးပါ အပါအ၀င်ပေါ့။

'ဒါမဲဒါမဲ'

လို့စိတ်ထဲမှာ ဟိုပြေးဒီပြေးတွေးနေတုံး ခေါင်းရင်းနားကနေ စာ၀င်သံကြားလို့ ဖုန်းကိုကြည့်တော့ မြင်လိုက်ရတာ အမလင်းဆီကစာ‌ေတွ။

"ငယ် ကိုယ်တောင်းပန်ပါတယ်"တဲ့လေ။

ဘာကိုတောင်းပန်ခြင်းတွေများလဲ။ ကတိတွေကိုချိုးဖျက်ခဲ့တာအတွက်လား။ ငါ့လက်ကိုလွှတ်ခဲ့တဲ့အတွက်လား။

ပြောင်းလဲခြင်းတွေအတွက်လား..။

မနက်စောစောစီးစီး သူမဆီကစာကိုမြင်တော့ငါဟာရင်ခုန်ရပင်မဲ့ စာကိုဖတ်ရတဲ့အခါ အတော်ကို စိတ်ပျက်ခြင်းတွေ ၀င်ရောက်လာတယ်။ ငါလိုချင်တာ ငါကြားချင်တာတေ‌ွဟာ သူမဆီက ချစ်‌ေနသေးတယ်ဆိုတ‌ဲ့ စကားတစ်ခွန်းရယ်ပါ။ ဒီတစ်ခွန်းသာ သူပြောရင် ငါပြန်ပြီး သူမကိုလိုက်မှာ။

ဒါပင်မဲ့ ရလာတာ တောင်းပန်စကားတစ်ခွန်းနဲ့အနီ‌ေရာင်ဖိတ်စာတစ်ခု။ ငါအခုဘာလုပ်သင့်ပြီလဲ။

•••

"It feels looking down from the ceiling above.. never in the moment, never giving enough"

မနက်လေးနာရီမှာ နိုးလာတဲ့နောက် ငါဟာပြန်မအိပ်နိုင်တော့ဘူး။ ပြန်အိပ်ဖို့ကြိုးစားတိုင်း မျက်ရည်တွေက တာကျိုးသလို ထပ်ခါထပ်ခါလာနေတဲ့ သီချင်းသံ‌ေအာက် ခဏခဏလျံှကျလာတယ်။ ဒါကြောင့်အိပ်ယာထဲက ထပြီး မီးဖိုချောင်ကို ဦးတည်လိုက်တယ်။ ရေခဲသေတ္တာထဲက ရေပုလင်းကိုယူထုတ်ပြီး ဖန်ခွက်တစ်ခွက်ယူလိုက်ပြီး ခြံထဲထွက်လာခဲ့လိုက်တယ်။ အကျီအိပ်ကပ်ထဲမှာလဲ စမ်း၀ယ်ထားတဲ့ စီးကရပ်ဘူးကိုတချက်ကြည့်ပြီး ရေတစ်ခွက်သောက်လိုက်တယ်။

My Becoming Wife is AJUMMA?Where stories live. Discover now