(Part-12)-Unicode

240 34 3
                                    

"ကိုယ်ကြည့်ကောင်းလား ကောင်မလေး"

ကားပေါ်ကဆင်းရင်း စာအုပ်ဆိုင်ဘက်ကိုဦးတည်သွားတဲ့အခါ ငါ့ရဲ့လက်ကိုကိုင်ထားတဲ့အမလင်းရဲ့လက်တွေတင်းကြပ်လာတယ်။ လက်လွှတ်ရမှာကို ကြောက်နေသလိုမျိုး ငါ့ရဲ့လက်ကိုဆုတ်ကိုင်ထားတာကိုကြည့်ပြီး စိတ်ထဲတမျိုးခံစား‌ေနရတယ်။

တစ်ခုခု ဆက်နွယ်နေသလိုမျိုး။

"ကျွှီ"

စာအုပ်ဆိုင်တံခါးလေးကို ဆွဲဖွင့်လိုက်ပြီး အမလင်းနဲ့ငါ မိုးရေစစ်ရင်း ကောင်တာလေးမှာမတ်တပ်ရပ်လိုက်ကြတယ်။ ကောင်တာက ခေါင်းလောင်းလေးကိုလဲတီးလျက်နဲ့။

"တောင်"

ခေါင်းလောင်းသံလေးမြည်သွားပြီးနောက်မှာ ငါ့အတွက်အမြဲဖွင့်ပေးထားတယ်ဆိုတဲ့အခန်းလေးထဲကနေ သူထွက်လာတယ်။ ပုံမှန်နဲ့မတူစွာ အလှပြင်လျက်။

အမလင်းလိုမျိုး အကျီအဖြူရောင်ရှပ်၊ အညိုရောင်ဘောင်းဘီရှည်။ နှုတ်ခမ်းပါးပါးကိုအနီရောင်ဆေးထင်းထင်းနဲ့ မဲမှောင်နေတဲ့ မျက်ခုံးတန်းတွေ။ ဘေးဘက်ကနေ အထင်းသားမြင်နေရတဲ့ မေးရိုးလှိုင်းကအစ ဒီနေ့မှာ အမလွန်းကြည့်ကောင်းနေတယ်။

ငါပှုန်းရှောင်မိတဲ့ မီးခိုရောင်မျက်၀န်းတွေနဲ့သူမဟာ အံ့ဩစွာနဲ့ ငါနဲ့အမလင်းကိုကြည့်ပြီး ထိုင်လို့ပြောရင်း ငါသဘတ်သွားယူမယ်ဆိုပြီး ထသွားလေတယ်။

လွတ်သွားတဲ့မျက်နှာခြင်းဆိုင်က ပုံရိပ်ကိုကြည့်နေတုံး မျက်၀န်းပြာတို့နဲ့ အကြည့်ပြန်ဆုံလေတယ်။ စိတ်မချနိုင်တဲ့ အကြည့်လေးတွေ၊ ပင်ပန်ူနေတဲ့မျက်၀န်းတွေနဲ့ အမလင်းပုံစံကိုဆက်မကြည့်နိုင်တော့လို့ အမလင်းအနားသွားပြီး ဖတ်ထားမိတယ်။

လူသားတွေဟာ အချစ်နဲ့ဆုံရင် အားနည်းသွားရတာအမှန်ဆိုတာ မျက်၀န်းပြာတွေကိုကြည့်ပြီးသိလာရတယ်။ ဒါမှမဟုတ် မီးခိုးရောင်မျက်၀န်းတွေကြောင့်ရယ်ပါ။

"အ..အဟမ်း"

ဆိုတဲ့လေသံတိုး‌တိုးအောက်မှာ ခုံပေါ်သဘတ်တစ်ခုကျလာသလို ငါ့ခေါင်းပေါ်လည်း နွေးထွေးနေတဲ့သဘတ်‌ရဲ့အထိအတွေ့ကိုခံစားနေရတယ်။ အဝါရောင်မီးလုံးအောက် ငါ့ရဲ့ရင်ခုန်သံတွေဟာ မိုးစက်နဲ့အညီ ပြန့်ကျဲနေရခြင်းတွေဟာ သူမတစ်ယောက်ကြောင့်။ ရည်ညွှန်းရာမဲ့တဲ့ သူမကြောင့်။

My Becoming Wife is AJUMMA?Where stories live. Discover now