"Well....Senoritá"
စိတ်လှုပ်ရှားဖို့ ကောင်းတဲ့အပြုံးနဲ့ အမလင်းဟာ ငါ့ရဲ့ရင်ကိုတုန်ခါစေပုံများ ဒရမ်ကိုရုတ်တရက်တီးလိုက်သလို ဘန်းဆိုတဲ့မြည်သံမျိုးနဲ့ ငါ့ရဲ့ရင်ခုန်သံတွေဟာ သံစဉ်တွေလို စည်းချက်ညီစွာနဲ့ တီးခတ်နေတယ်။
ငါတကယ် ဒီခံစားချက်ကို ကြိုက်တယ်။ ဒီခံစားချက်ကိုလည်း အမလင်းနဲ့မှ ငါခံစားရတာအမှန်။
ရာသီဥတုကောင်းရင် မုန်တိုင်း၀င်တတ်တယ်ဆိုတဲ့စကားလိုပဲ ကြည်နူးစရာအကြည့်တွေကို ဖလှယ်နေတဲ့အချိန် ဒေါ်ခြူးဟာ ငါ့ရဲ့ခုံအနားကို ရောက်လာတယ်။
မထီတထီအကြည့်တွေနဲ့ ချစ်စရာကောင်းတဲ့မိန်းကလေးကို တကယ်တော့ ငါမမုန်းတီးပါဘူး။
ဒီကောင်မလေးက ငါ့မျက်စိထဲချစ်စရာ တကယ်ကောင်းပါတယ်။ ဒါပင်မဲ့လည်း ငါ့ရင်ထဲမှာတော့ သတ်ပစ်ချင်မိတယ်။
"ဟိုင်း~ အမှတ်မထင်ပဲ တွေ့ရပြန်ပြီနော် ရည်းစားဟောင်း"
"ခြူး တော်လိုက်တော့!"
ဆိုပြီးအမလင်းဟာ ချက်ချင်းပဲ ငါ့အနားက သူမကို ဆွဲခေါ်တယ်။
"နေပါအုံး လင်းကလည်း တို့က လာနှုတ်ဆက်တာပါ ဒီကရည်းစားဟောင်းလေးကို"
သူမရဲ့ လှောင်ရီသံလေးနောက် ငါ့ရဲ့အပြုံးလေးပွင့်လန်းလာတယ်။ မျက်မှန်ကိုလည်း ချွတ်လိုက်ရင်း အမလင်းဘက် မျက်နှာချင်းဆိုင် မက်တပ်ရပ်လိုက်တယ်။ ပြီးမှ ငါ့လက်ညိုးကို အမလင်းရဲ့ ရင်ဘတ်ပေါ်တင်ရင်း
"တဆက်တည်း ဟိုမိန်းမသိအောင် ပြောမလို့ အမနဲ့ညီမက ရည်းစားဟောင်းလို့ပြောရအောင် သေချာမပြတ်သေးဘူး ဟုတ်? ပြီးတော့ ဒီဘက်က ဒေါ်ခြူးကိုလည်း ပြောမယ်...ဒီမိန်းကေလးကို ကျွန်မက ပြန်ပြီး လိုက်ပြမယ်"
•••
ခုနကဖြစ်ရပ်ကြောင့် ရှက်ရမ်းရမ်းသွားလို့လားမသိပင်မဲ့ နီရဲနေတဲ့မျက်နှာထားနဲ့အခြူးဟာ တောက်တချက်ခေါက်ပြီး မလှမ်းမကမ်းက လွတ်နေတဲ့ ခုံမှာ၀င်ထိုင်လေတယ်။ အမလင်းရဲ့ခပ်ဖွဖွအပြုံးနဲ့ ငါ့ရဲ့ခေါင်းကိုပုတ်ပြီးဖွသွားတဲ့ သူမရဲ့လက်ကအနွေးဓာတ်လေး ငါ့ရဲ့ဆံပင်တွေမှာကျန်ရစ်နေတုံးပဲ။
YOU ARE READING
My Becoming Wife is AJUMMA?
Romanceကျေနပ်ခြင်းအပြည့်နဲ့ တိုးဝင်ခဲ့မိတဲ့ ရှုပ်ထွေးမှုတွေကြားက ငါ့ရဲ့အချစ်။ #Shung(April 10)