"သူမဟာ သံလိုက်အိမ်မြှောင်"
ကားမှန်ကတဆင့် တတောက်တောက်ကျဆင်းနေတဲ့ မိုးရေတွေကို ပြတင်းပေါက်ကနေ လက်ထဲကျလိုကျငြား ခံစားကြည့်နေမိတယ်။
အေးစက်တဲ့အထိအတွေ့ဟာ ငယ်လေးရဲ့ အကြည့်တွေနဲ့ မယှဉ်သာနိုင်ပါဘူးလေ။ အနားကမြင်နေရတဲ့ ပန်းဆိုင်က နှင်းဆီနီတွေဟာလည်း ဘုရင်မလေးလောက် မတင့်တယ်ပဲ။ ချိုမြိန်လွန်းပါတယ်ဆိုတဲ့ သကြားလုံးတွေတောင်မှ ကလေးငယ်လေးရဲ့ အပြုံးလေးလောက် ငါ့ရဲ့ရင်ကိုမချိုမြိန်စေဘူး။
အပြုံးတွေပဲပေးတတ်တဲ့ ကလေးငယ်ဟာ ခုဆို သူမကိုသိပ်မုန်းရော့ပေါ့။ နှလံုးသားေလးကို ခြွေချမိတဲ့ဒီလူကို ကလေးငယ်ဟာ စိတ်နာနိုင်ပြီပေါ့။
အင်းပေါ့ ဆောင်းရာသီထပ်တောင် အေးစက်သွားတဲ့ ကိုယ်နဲ့ငယ်လေးရဲ့ဆက်ဆံရေးဟာ နွေးထွေးနိုင်ဖို့အကြောင်းမရှိတော့ဘူးထင်ေနမိတယ်။
ဖြစ်နိုင်ရင်တော့ အကြောင်းပြချက်လေးတစ်ခုကို ကိုယ်ရှာဖွေချင်ပါသေးတယ်။ သူမရဲ့ကိုယ်လေးကို တစ်ခါပြန်ပွေ့နိုင်ဖို့ သူမကိုတစ်ခါပြန်ချစ်နိုင်ဖို့ ကိုယ်ရှာချင်ပါသေးတယ်။
တစ်ခါတစ်လေ ချစ်မိနေတဲ့အချိန်တွေမှာ လူသားတွေဟာ အားအကြီးဆုံးဆိုတာ ကိုယ်ငြင်းချင်ပါတယ်။
ချစ်ခြင်းဟာ အားနည်းချက်တစ်ခု။ ပိုပြီးချစ်မိလေ ကာကွယ်ပေးဖို့ ခက်ခဲလေပါပဲတဲ့။
ကလေးငယ်ကို ကိုယ်ဟာကာကွယ်ပေးရမယ်။ နှစ်ယောက်လုံးနာကျင်ရရင်တောင်မှ ကလေးငယ်ကို ကာကွယ်ရမှာ ချစ်မိရတဲ့ ကိုယ့်တာ၀န်ပါ။
မိုးတွေသည်းသည်းမဲမဲနဲ့ရွာချလာတော့ လက်ဖဝါးထက် မိုးစက်တွေကခုန်လေတယ်။ မိုးစက်တွေနဲ့အတူ ကိုယ်လည်းကခုန်ချင်ပင်မဲ့ စိတ်ဟာပျော်မနေပဲ။ ကလေးငယ်နဲ့ပဲ ကိုယ်ဟာ လက်ထဲက လက်စွပ်ကို၀တ်ချင်ခဲ့တယ်။ သူမရဲ့လက်လေးမှာ လက်စွပ်လေး၀တ်ပေးမယ်လို့လဲ ကိုယ်ဟာ တိတ်တခိုးကြံစည်ခဲ့ဖူးတာလည်း လက်စွပ်ဆိုင်က ကောင်မလေးသိပါလိမ့်မယ်။
ငယ်ငယ်လေးတည်းက နာမည်နဲ့အညီ ဂျီကျတတ်တဲ့ ငယ်လေးကို ကိုယ်ဟာ တမျှော်တခေါ်နဲ့ ငေးခဲ့ရပါသေးတယ်။ မိုးရာသီမပြတ် နွေရာသီမပြတ်ပေါ့။
YOU ARE READING
My Becoming Wife is AJUMMA?
Romanceကျေနပ်ခြင်းအပြည့်နဲ့ တိုးဝင်ခဲ့မိတဲ့ ရှုပ်ထွေးမှုတွေကြားက ငါ့ရဲ့အချစ်။ #Shung(April 10)