(Part-3)-Unicode

372 48 0
                                    

"အရာရာဟာ ငါတို့ထင်သလို မဟုတ်ခဲ့ဘူး"

ပေ‌ွ့ဖက်မှုသေးသေးလေးဟာ အားတက်စေမှန်း ငါသိလာရတယ်။ စူးရှတဲ့ဝိုင်နံ့ကတောင် ငါ့ကိုလုံခြုံစေပါတယ်။ ခပ်အေးအေး ခပ်ဖြေးဖြေးလေးသံကတောင် နွေးထွေးစေတုံးပဲ။

ဒါဟာဘာကြောင့်များလဲ။

သူရဲ့နှလုံးသားလေးက နွေးနေလို့များလား။

လျာဖျားလေးနား ရစ်ဝဲနေတဲ့သကြားလ‌ံုးချိုချိုလေးဟာ ၀မ်းနည်းစိတ်တွေကို လွင့်ပျံစေတာအမှန်ပဲ။ ခေါင်းထဲကအတွေးတွေ ပျောက်ကွယ်ကာနီးဖြစ်နေတဲ့အခါ အကြောက်တရား‌ေတွက တဖြေးဖြေးအစားထိုး၀င်‌ေရာက်လာတယ်။

ကြောက်မိတယ်။

သူမ...အမလင်း..။

ငါ့ရဲ့နှလုံးသားလေး ငါ့ကိုထားခဲ့မှာကို တကယ်ကြောက်မိတယ်။

ငါ့နှလုံးသားကို သူ့ဆီပေးခဲ့တည်းက ရင်ခုန်သံတွေ ဗလောင်ဆူတာ ခံစားခဲ့ရတယ်။ တသိမ့်သိမ့်နဲ့ ရင်ခုန်ခဲ့တယ်။ ပျော်ရွှင်ရတယ်။ ကြည်နူးရသလို ၀မ်းနည်းရတယ်။

ငါ့ရဲ့နှလုံးသားကို သူမပိုင်သွားကတည်းက အမလင်းဟာ ငါ့ရဲ့ကမ္ဘာ။ ငါ့ရဲ့စိတ်ခံစားချက်တိုင်းဟာ သူမနဲ့ဆက်နွယ်လာတဲ့အထိ သူမအပေါ်ကျရှုံးပစ်ခဲ့တာများ သူမအနားက ထွက်သွားလို့မရနိုင်တော့တဲ့အထိ ငြိတွယ်မိခဲ့တာ။

"Giving me love
when u are down and need another..."

ဖြေးဖြေးနဲ့မှန်မှန်လေး ဘေးလူဆီက ထွက်လာတဲ့သီချင်းစာသားလေးဟာ ငါ့ရဲ့ရင်ကိုတုန်ခါစေတယ်။ ဒါကြောင့် မျက်ရည်တွေကိုသုတ်ပြီး မော့ကြည့်တော့ ငါ့ကိုငုံကြည့်ပြီးပြုံးပြနေတဲ့ ဆိုင်ရှင်ကြီး။ သူဘယ်တုံးက ပြုံးတက်သွားတာများလဲ။

"အပေါက်မဆိုးတော့လေ ဆိုင်ရှင်ကြီးကကြည့်ကောင်းသား"

လို့ပြောတော့ သူဟာရီတယ်။ အံ့ဩစရာပဲ ဒီလူ့အနားရောက်နေတာ စိတ်သက်သာစေသလိုပဲ။

"ကိုယ်က နဂိုတည်းက‌ ကြည့်ကောင်းတာ သစ်ကိုင်းခြောက်လေးသာ မမြင်တာ"

လို့ငါ့ခေါင်းကိုဖွရင်း စကားပြောနေတဲ့သူ့ရဲ့လက်ကိုခေါင်းပေါ်က ဖယ်လိုက်ရင်း ပြန်ပြောလိုက်တယ်။

My Becoming Wife is AJUMMA?Where stories live. Discover now