(Part-4)-Unicode

317 37 2
                                    

"‌သူမနဲ့ငါ ကော်ဖီအေးနှစ်ခွက်"

"This voice inside has been eating at me.. trying to replace the love that I fake with what we both need"

ငါ့မိန်းက‌ေလးရဲ့လက်လှလှလေးကိုတွဲပြီးထွက်သွားတဲ့ပုံရိပ်။ ငုဝါပင်တွေကိုကျောခိုင်းသွားတဲ့အမလင်းရဲ့ကျောပြင်။ ငါမှီတွယ်ခဲ့တဲ့သူမရဲ့လက်မောင်းမှာလည်း တစ်ပါးသူက ခို၀င်လို့။

နီညိုရောင်ကားလေးဟာ မဲမဲမှောင်မှောင် ကတ္တရာလမ်းမထပ် ပြေးထွက်သွားပုံများ ငါ့နှလုံးသားလေးပါ ရောကြိတ်ခံလိုက်ရသလို။ ငါ့လက်ကိုတွဲရင်း အတူပြေးလွှားခဲ့တဲ့ အမလင်းဟာ အခုတော့ ထွက်သွားလေပြီ။ ငါမဟုတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက်ကိုကိုင်ရင်း သူမထွက်သွားခဲ့တာ။

ငါ့ကို သူမ တကယ်လက်လွှတ်လိုက်ပြီလား.?

မယုံကြည်နိုင်ခြင်းများစွာနဲ့ တရွေ့ရွေ့ကွယ်ပျောက်သွားတဲ့ မြင်ကွင်းလေးကိုကြည့်ပြီး ရင်ထဲနင့်လာရတယ်။ ငါလိုချင်တာ ဒါမျိုးမဟုတ်ခဲ့ဘူး။ ဒီလိုမျိုး မဟုတ်ခဲ့ဘူး။

"အမ အမ သူလေ ညီမကို ဟင့်"

"အင်း ကိုယ်သိတယ်"

ငါ့ကိုတင်းတင်းကြပ်ကြပ် ဖက်‌ေပးထားတဲ့ အမလွန်းရဲ့ရင်ခွင်ထဲ ၀င်ပုန်းပြီးငိုမိတယ်။ ၀မ်းနည်းကြီးစွာနဲ့ အတွေးတွေ ရောက်ယှက်ခတ်ကုန်တဲ့အထိကို ဒီအဖြစ်အပျက်ကိုလက်ခံနိုင်ဖို့ခဲယဉ်လွန်းပါတယ်။ ဒီအဖြစ်အပျက်ဟာ မြန်လွန်းတယ်။ တကယ်မြန်လွန်းတယ်။

"The truth runs wild like the kids on concrete trying to sedate,my mind in it's cage and numb what I see"

ငါတွေးခဲ့တဲ့ ခေါင်း‌လောင်းသံတွေကိုလဲ နားထဲပြန်ကြားနေရတယ်။ အမလင်းကိုယ်တိုင် ငါ့လက်မှာပတ်ပေးထားတဲ့ ဟန်းချိန်းကခေါင်းလောင်းလေးဟာလည်း ဒီနေ့မှာအတော်ဆူညံနေခဲ့တယ်။ ရင်ခုန်သံတွေဟာလည်း ဗလောင်ဆူလို့ မျက်ရည်တွေ ထိန်းမရနိုင်ခဲ့ပဲ ခေါင်းထဲကမထုတ်ပစ်နိုင်အောင် ရှိနေခဲ့တော့တယ်။

နေသာတဲ့မနက်ခင်းမှာ အမလင်းနဲ့တည်‌ေဆာက်ခဲ့တဲ့ ငါ့ကမ္ဘာလေး ပြိုခဲ့ရပါတယ်။

•••

ဒါပင်မဲ့လည်း တစ်လကြာသွား‌တာတောင် ဒီအချိန်မှာ ငါတွေးမိတာတော့ အခုထိသူမပါပဲ။

My Becoming Wife is AJUMMA?Where stories live. Discover now