"ကိုယ်တို့ရဲ့ချိန်းကြိုးတွေ"
အပြုံးတွေရဲ့ နောက်ကွယ်က အကြောင်းတရားတွေဟာ တစ်ခုခုကြောင့်ဖြစ်ပေါ်လာရသလိုမျိုး။ ငါဟာ အမလင်းကြောင့် ပြုံးရွှင်ခဲ့ရသလို ၀မ်းနည်းခဲ့ရတာ သူမကိုချစ်မိလို့များလား။
အမလင်းကိုမြင်ရင် နားရွက်ဖျားတွေ ပူလာတဲ့အထိကို ခံစားရတာ ငါ့ရဲ့ရင်ခုန်သံကိုသူမကြားသွားမှာ ရင်ခုန်နေရပြန်လို့ထင်တယ်။ အမလင်းကို ချစ်နေရတာ ရင်ခုန်ရခြင်းများစွာနဲ့။ အခုလဲ ငါ သူမကြောင့်ရင်ခုန်နေရပြန်ပါပြီ။
"ငယ်လေး ဘာတွေတွေးနေတာလဲ"
ဆိုပြီး ငါ့ပါးကို လှမ်းဆွဲလိုက်တဲ့အမလင်းကြောင့် ထပ်ပြီး စိတ်လှုပ်ရှားရပြန်တယ်။ ဘယ်လိုဖြစ်လို့ ဒီလောက်ရင်ခုန်နေရမှန်းမသိပင်မဲ့ ဒီအဒေါ်ကြီးရဲ့အပြုအမှုေတွကြောင့်ဆိုတာ သိသာတယ်။
ခပ်အေးအေးဖြစ်နေတဲ့အမလင်းရဲ့လက်ဖျားတွေကိုဆုတ်ကိုင်လိုက်ရင်း ငါ့ရဲ့အကျီအောက်ကိုလှန်ပြီး ဗိုက်ပေါ်တင်ထားလိုက်ရင်း မေးလိုက်တယ်။
"ဘယ်လိုလဲ နွေးလားအမ"
ဆိုပြီး ပြန်ကြည့်တုံး ဆံပင်စည်းထားတဲ့အတွက် အမလင်းရဲ့ရဲနေတဲ့နားဖျားလေးတွေကို ငါမြင်လိုက်ရတော့ တကယ်ကိုအသည်းယားမိတာ သဘောကျနေမိလို့များလား။
ဒီလိုနဲ့ မှောင်နေတဲ့မျက်နှာနဲ့ ဘာစကားမှမပြောပဲ ဆက်တိုက်ထိုင်ကြည့်နေတဲ့ စားပွဲခုံတစ်ဖက်က အမလွန်းကိုအားနာပါးနာနဲ့ ထပ်ပြီးရီပြလိုက်တော့ အဟမ်းဆိုတဲ့ ချောင်းဟန့်သံနဲ့အပြင်ထွက်သွားလေတယ်။
အမလွန်း ပြတင်းပေါက်အပြင်ဘက်လှမ်းလှမ်းကိုရောက်သွားတာနဲ့ ရုတ်တရပ်
"ငယ်..ငယ် ကိုယ် အားမရတော့ဘူး ကိုက်စားပစ်လိုက်တော့မယ်"
'ကိုက် စား မယ် တဲ့လား ဟိုလို..??'
အမလင်းရဲ့စကားတစ်ခွန်းကြား ငါ့ရဲ့ပုဇွန်ဦးနှောက်လေး ရုန်းကန်နေရလို့ ချွေးပြန်ေနတံုး ရုတ်တရပ်ပွေ့ချီလိုက်တဲ့အမလင်း။ ဒီလိုနဲ့ငါ့ရဲ့ခြေထောက်တွေဟာ အမလင်းခါးနားချိတ်ထားမိတယ်။
YOU ARE READING
My Becoming Wife is AJUMMA?
Romanceကျေနပ်ခြင်းအပြည့်နဲ့ တိုးဝင်ခဲ့မိတဲ့ ရှုပ်ထွေးမှုတွေကြားက ငါ့ရဲ့အချစ်။ #Shung(April 10)