(Part-18)-Unicode

433 28 4
                                    

"Every summertimes with u"

နေ့လည်နေဟာ နွေးသလား မခံစားတတ်ပင်မဲ့ အမလင်းဆီက အနွေးဓာတ်လေးကို ငါတို့ရဲ့လက်ချောင်း‌ေတွ ယှက်သွယ်ထားတဲ့အခါ ခံစားနိုင်တယ်။

တစ်ခါတလေ ကြုံခဲ့ရတဲ့အဖြစ်အပျက်‌ေကြာင့် မှိတ်ထားတဲ့မျက်၀န်းအောက်က မျက်၀န်းတွေဟာ  အေးစက်တတ်မှန်းသိပင်မဲ့လည်း အမလင်းဟာ ခြွင်းချက်လေးတစ်ခု။

အေးစက်နေရင်တောင် ဖက်တွယ်ထားမဲ့ လူသား။ ငါ့ရဲ့အပိုင် အမလင်းဆိုတဲ့ လူသားတစ်ယောက်။

"Ohh you're the only exception.."

"နိုးပြီလား..?"

"အင်း"

အိမ်အောက်ထပ်ကို ခပ်သွက်သွက်ဆင်းတုံး ခပ်လှမ်းလှမ်းမှာ ကော်ဖီသောက်နေတဲ့ အမလွန်းနဲ့ဆုံလေတယ်။ ဖြူဖျော့နေတဲ့ အမလွန်းရဲ့ပုံရိပ်ဟာ အချိန်မရွေးပျောက်ကွယ်တော့မဲ့...လေပြေလိုမျိုး။

"မျက်နှာသစ်ပြီးရင် ဒီကိုလာခဲ့"

ဆိုပြီး လှမ်းခေါ်တဲ့ အမလွန်းအနား သွားထိုင်ရင်း မနေ့ကကိစ္စကိုမေးဖို့ကြည့်တုံး မီးဖိုချောင်ဘက်ထသွားတဲ့ပုံရိပ်ဟာ ရင်းနီးနေသလိုမျိုး။ ဒီလိုနဲ့ ပေါင်မုန့်မီးကင်2ချပ်နဲ့အတူ နို့တစ်ခွက်ငါ့ဘေးခုံကိုချပေးတယ်။ နို့ခွက်ပူပူကို လက်ညိုးထိုးပြပြီး သောက်လေဆိုတဲ့လက်ဟန်နဲ့အတူ

"ကိုယ် ယိုသုတ်ပေးမယ်"

ဆိုတဲ့စကားသံ။ ဘာလို့များလဲ ငါအခု ရင်ထဲကနေ ကျေးဇူးတင်ခြင်တဲ့ ခံစားချက်ကိုသတိရမိလာသလိုမျိုး။

"အမ မနေ့က ဘာဖြစ်တာလဲ"

လို့မေးတော့ ‌စတော်ဘယ်ရီယိုသုတ်ထားတဲ့ပေါင်မုန့်ကို ငါ့လက်ထဲထည့်ပေးရင်း ခပ်ဟဟရီတယ်။

"ငယ်နဲ့လင်းကို မနာလိုနေတဲ့လူတွေပါ ဘာမှမတွေးနဲ့ ကျောင်းပြီးတာနဲ့ လက်ထပ်ရမဲ့အကြောင်းပဲစဉ်းစားထား"

လွန်းဟာ ရီ‌ေမာ‌ေနခဲ့ပင်မဲ့ ကြေကွဲနေတဲ့မျက်၀န်းတွေကိုတော့မဖုံးကွယ်နိုင်ခဲ့။ ဒီစကားကိုပြောရတိုင်း သူမ၀မ်းနည်းရတယ်။ ကိုယ်သဘောကျရတဲ့လူက ကိုယ်မဟုတ်တဲ့လူနဲ့ မဂ္လာဆောင်ဖို့ သူ လူသတ်ပေးရအုံးမှာ ဘယ်လောက်တောင် ဟာသပြဇာတ်ဆန်နေမလဲ။

You've reached the end of published parts.

⏰ Last updated: Oct 25, 2023 ⏰

Add this story to your Library to get notified about new parts!

My Becoming Wife is AJUMMA?Where stories live. Discover now