အပိုင်း(၃)

138 16 0
                                    

"ဒေါက်ဒါ အဆင်ပြေမှာပါနော်.."

"အခုအားဆေးသွင်းပေးထားပါတယ်
မကြာခင်သတိရလာမှာပါ လူနာက
အရမ်းအားနည်းနေတယ် ပြီးတော့
ခန္ဓာကိုယ်ထဲမှာလည်း ဓာတ်ချို့တဲ့
မှုမျိုးဖြစ်နေတာပါ ပြီးတော့လူနာ
weight loss ခြင်းနဲ့ပက်သက်တဲ့
ဆိုတဲ့ စိတ်ရောဂါကိုခံစား
နေရတာပါ Anorexia Nervosa
လို့ခေါ်တဲ့ ဝမှာကြောက် တဲ့စိတ်ရောဂါ
ဖြစ် နေခဲ့တာပါ ကြာလာရင် ဒီထက်
ပိုဆိုးလာနိုင်ပါတယ် အစားမစား
ခြင်းကြောင့် ခန္ဓာကိုယ်ပုံပျက် သွား
တဲ့ အထိ ဒီရောဂါက ဆိုးကျိုးတွေ
ဖြစ်စေနိုင်ပါတယ်.."

"ဟုတ်ကဲ့ ကျေးဇူးပါဒေါက်တာ..."

မိုးသားရယ် မင်းဘယ်လောက်ထိတောင်စိတ်ဒုက္ခရောက်ခဲ့လို ဒီလောက်
ထိတောင်ခံစားနေရတာလဲ။မင်းကိုကိုယ်အခုလို ဆေးရုံခုတင်ကြီးပေါ်မှာ
မြင်ရတာ ကိုယ်အရမ်း ဝမ်းနည်းရတယ်။မင်းနေမကောင်းဖြစ်ရင်ကိုယ်လည်းနေမကောင်းသလိုပဲ အားလုံးထပ်
တူကိုယ်ထပ်တူခံစားရတာပါ။
မြတ်အတွေးတို့က ပြောလို့‌မဆုံးသေး
ခင်မှာပဲ ဆေးရုံခုတင်ပေါ်မှ ချစ်ရ‌သူ
လေးက တလှုပ်လှုပ်ဖြင့် နိုးလာလေသည်။

"ငါ ဘယ်ရောက်နေတာလဲ..."

မျက်လုံးတို့ကို အတတ်နိုင်ဆုံး ပြူးကျယ်လာအောင် ဖွင့်ထားပြီး မိုးသား
မိမိရောက်နေသော နေရာ၏ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်
သည်။

"မိုးသား နိုးလာပြီလား နေလို့ကောင်းရဲ့
လားဟင် ကိုယ် ကိုရောသိရဲ့လား..."

ပထမဆုံး မိမိဘေးနားမှ ထိုင်နေပြီး
မိမိအား အစိုးရိမ်တစ်ကြီး မေးမြန်း
နေသော မြတ်ကို အရင်မြင်မိသည်။
မြတ်ရဲ့ မျက်ဝန်းထဲမှ မျက်ရည်လေး
များစို့နေသည်ကို မိုးသား ခပ်ဝါးဝါး
မြင်ရနေလေသည်။ဘာလိုသူက ဒီလို
ပုံစံဖြစ်နေရတာလဲ။

"မိုးသား မူးလဲပြီးဆေးရုံရောက်နေတာ.."

"ဆေးရုံရောက်နေတာလား.."

အဲ့လိုမေးတော့ မြတ်က ကလေးတစ်ယောက်လိုချစ်စရာကောင်းအောင် ခေါင်းတစ်စက်စက်ညိမ့်ပြလေသည်။

"မိုးသား ဘာစားချင်လဲ ကိုယ်ဘာ
လုပ်ပေးရမလဲ..."

"ရပါတယ် ဘာမှမစားချင်ဘူး .."

Running in your soulWhere stories live. Discover now