အပိုင်း(၇)

86 7 1
                                    

"မင်း..!!"

အဲ့တာ မြတ်‌ဒီကိုရောက်ရောက်ခြင်းနေက မိုးသားဆီကိုပြေးလာပြီးစကားလာပြောတဲ့ကောင်မလေးမလား။သူက မြတ်ကိုကြည့်ပြီး သူအကုန်သိပါတယ်
ဆိုတဲ့ ပုံစံဖြင့် မျက်ခုံးပင့်ပြလေသည်။
ခေတ်ကလေးတွေ မလွယ်ပါလား။

"ဟုတ်တယ်မလား မှန်နေတာပဲ ."

"မင်းဘယ်လိုလုပ်သိတာလဲ.."

မြတ်က ထိုကောင်မလေးအနားသို့
သွားလိုက်ပြီး ထိုကောင်မလေး၏
မျက်နှာသို့ သေသေချာချာ‌ကြည့်ကာ
မေးလိုက်လေသည်။

"ဒါကလွယ်ပါတယ် ဟို‌တစ်နေ့ အမ
Hanbin ကို ဒီက အကိုက အိမ်ထဲက
ပွေ့ချီပြီး ကားထဲကိုသယ်သွားတယ်လေ ပြီးတော့ ဒီကအကိုက ဟိုချောချောအကိုကြီးနဲ့စကားပြောနေတာကို
တွေ့လိုက်တာ..."

သူပြောနေသော ဟိုချောချောအကိုကြီးဆိုတာက နိုင်မျိုးများလား..?
မြတ်ကထိုကောင်မလေး ပြောတဲ့အတိုင်းသံယောင်ထပ်ပြီး မေးကြည့်တော့..

"ချောချောနဲ့အကိုကြီး.."

"ဟုတ်တယ် အဲ့ဒီအကိုက ကျွန်မအမရဲ့
သူငယ်ချင်းရဲ့ ဖက်ရှင်ကုပ္မဏီက မန်နေဂျာလေ .."

ဟုတ်တယ်သူပြော‌တာကို ခပ်မှန်းကြည့်ပုံအရ နိုင်မျိုးပဲဖြစ်ရမယ်။

"သေချာစုံစမ်းကြည့်လိုက်တော့မှ အဲ့ဒီ
အကိုရဲ့ အလုပ်ရှင်က ဒီက မြေခွေး
လေးလို သူဌေးသားလေးဖြစ်နေတာလေ..."(မြေခွေးလေးလို ဆိုတာက လှည့်ဖျားတတ်တယ်လို့ ဆိုလိုတာပါ)

ရှားလော့ဟုမ်းများလား သူတို့အကြောင်းကို အကုန်သိနေတယ်ဆိုတော့ သူတို့ကို ကြောင်းကို ‌သေသေချာချာစုံစမ်းထားပုံရသည်။
ဒီအတိုင်းတော့မဖြစ်သေး။အပေးအယူ
လုပ်ကာတစ်ခုခုနဲ့ချုပ်မှရမယ်။

"ဘာလို့အမကို ညာရတာလဲ အမကို
လှည့်စားမလို့လား အမကိုတော့
စိတ်ညစ်အောင်မလုပ်ပါနဲ့ အမက
စိတ်ထားကောင်းတဲ့အမပါ အမက
အများရှေ့က ကြံခိုင်ပေမဲ့ တကယ်တမ်းကျ ယဲယဲ့လေးရယ်..
အမကသိပ်သနားဖို့ကောင်းတယ်.."

ဟန်နဲ့ပန်နဲ့ပြောနေလိုက်တာများ
တကယ့် ကိုရီးယားဇာတ်ကားတွေ
ထဲကလို စိတ်ထားကောင်းတဲ့မင်းသမီးလိုလို။အော် ဒီကလေးမ ကိုယ်ချစ်နေတဲ့သူကို ဘာကိစ္စ စိတ်ညစ်အောင်လုပ်ရမှာလဲ။အေးပေါ့ မင်းက ငါ့မိုးသားကို
ချစ်နေတယ်ဆိုတာ ဘယ်သိပါ့မလဲ။

Running in your soulWhere stories live. Discover now