အပိုင်း-(16)

72 2 2
                                    

နေ‌၏အလင်းရောင်ခြည်တွေက ပြတင်း
ပေါက်ရှိ လိုက်ကာ မီးခိုရောင်လေးတွေ
ကြားမှ တိုးဝင်ကာ အခန်းတစ်းခန်းရှိ
ကြီးမားသော ကုတင်‌ကြီးပေါ်တွင်
နှိုက်ခြိုက်စွာအိပ်ပျော်နေသော လူသား
ငယ်နှစ်ဦးပေါ်သို့ကျရောက်လျက်ရှိ
သည်။အပူပင်ကင်းစွာအိပ်ပျော်နေ
သော အချစ်ငှက်လေး နှစ်ကောင်မှာ
ထို နေရောင်စူးစူးတို့ကြောင့် နိုးသွား
ရသည်။န

"အား...ဘယ်နှစ်နာရီတောင်ရှိနေပြီလဲ.."
မန်းခရမ်းဘက်သို့ လှည့်အိပ်နေရာမှ
နာရီဘက်သို့ပြန်လှည့်ကာ ကြည့်မိတော့
ခုနှစ်နာရီတောင်ရှိနေပြီ။ပြတင်း‌‌ ပေါက်မှန်တွေကနေတစ်ဆင့်အပြင်ဘက်ကိုကြည့်‌မိတော့ ရာသီဥတု ကအလွန်
ပင်သာယာနေသည်။အရင်တုန်းကဆို
မန်း အိပ်ယာဒီထက်စောစောနိုးတက်
ပြီး အချိန်ဆွဲတတ်သော ‌အလေ့ကျင့်
လည်းမရှိပါ။အခုတော့ခရမ်းနား
ကမခွာချင်သလို ခရမ်းကိုပဲ တွယ်ကပ်
ချင်လာသည်။

မန်းဘေးနားက မော်ဒယ်ကြီးကတော့
နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေလေ
သည်။အိပ်ပျော်နေတာတောင် ချောမောနေတုန်းပဲ။ဒီလို လူမျိုးနဲ့
မန်းဂေးသွားရမယ်လို့ တကယ်မထင်
ခဲ့ပါ။မန်း တစ်ချိန်ကျ မိန်းမယူပြီး
ဘဝကို သာမာန်ဘဝတွေလို မျိုး ရိုးရှင်းစွာဖြတ်သန်းရမယ်လို့ ထင်ထား
ခဲ့တာ။မေမေပြောသလို မန်းက ဖေဖေ့
သွေးအပြည့်ပါလို့ဖြစ်မယ်။
ခရမ်းနဲ့ တွေမှ အရာရာကျရှုံးသွား
ရသည်။ဒီကောင်လေးက သိပ်စွဲ‌ ဆောင်မှုရှိလွန်းတယ်။မန်းကို သူ့စီ
လှဲကျသွားအောင်အမျိုးမျိုးပြုစားနေ
တာ။

"မန်း ဘာအလုပ်မှ မလုပ်ချင်တော့ဘူး
မောင့်ကိုပဲ တစ်နေ့လုံးထိုင်ကြည့်ချင်
တော့တယ် ဟင်..ဘယ်လိုလုပ်ရမလဲ.."

အေးချမ်းစွာအိပ်ပျော်နေသူလေးကို
ကြည့်ကာ မန်းတီးတိုး စကားတွေဆိုနေ
မိသည်။သူကတော့ကြားမှာမဟုတ်။
မန်း ခရမ်းဘက်သို့တိုးကပ်သွားကာ
ရင်ခွင်ထဲ ဝင်တိုးကာ ခန္ဓာကိုယ်အကြီး
ကြီးကိုဖက်ကာ ခနမှေးနေလိုက်သည်။

"အဲ့ဆိုလည်း ဘာအလုပ်မှ မလုပ်ပဲ
မောင့်ဘေးမှာပဲနေ လေ မောင်ရှာကျွေး
မှာပေါ့.. ရွှတ်.."

Running in your soulWhere stories live. Discover now