အပိုင်း(24)

99 2 0
                                    

"ကိုယ်တို့ ဒီတစ်ပတ် အားလပ်ရက်
ရောက်ရင်ရုပ်ရှင်သွားကြည့်ကြလား..."

ငွေရောင်က မိမိရုံးခန်းထဲရှိ ဆိုဖာ
ပေါ်၌ ခြေပစ်လက်ပစ် ထိုင်ကာ
ဖုန်းကြည့်နေသော မိမိရဲ့ချစ်ရသူ
လေးအား လှမ်းမေးလိုက်သည်။
သို့သော်ထိုကောင်ငယ်လေးကတော့
မိမိအား လျှောကျနေသော မျက်မှန်အောက်က မျက်ဝန်းလေးမှတစ်ဆင့်
စောင်းငဲ့ကြည့်ရုံမှလွဲ၍ တခြားဘာတုန့်ပြန်မှုမှရှိမနေခဲ့ပါ။

"ဟိန်းမာန်...!!ကိုယ်ပြောတာကြားလား"

ဒီတစ်ခါတွင်တော့ ငွေရောင်‌ လေသံခပ်မာမာလေးဖြင့် ထပ်မေးမိသည်။

"ခင်ဗျားသဘောပဲ လူဆိုးဂိုဏ်ချုပ်ကြီးရဲ့ ကျွန်တော်ကြောက်ပါတယ် ..."

ဒါငွေရောင်ကိုခနဲ့ကာ ပြောနေခြင်းဖြစ်
သည်။ဟိုနေက ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်
ငွေရောင်ရဲ့ ပုံစံအမှန်ကို ဟိန်းမာန်က
သိရှိသွားခဲ့ရသည်။ထိုကိစ္စကြောင့် ဟိန်း
မာန်က မိမိအပေါ် စိတ်ဆိုးနေခြင်းဖြစ်
မည်။လွန်ခဲ့သော တစ်ပတ်ခန့်က.....

"ကိုယ်အိမ်ပြန်လိုက်ပို့မယ်နော် ဟိန်းမာန်"

"အင်းသဘောပဲ..."

ငွေရောင်လည်း မိမိရဲ့ ချစ်စရာကောင်း
သေးသေးလေးရဲ့ ပါးတစ်ဖက်အားတိုး
ကပ်နမ်းလိုက်ကာ ကားခါးပတ်အား
ပတ်ပေးလိုက်သည်။ထိုကောင်လေးက
တော့ မိမိနမ်းလိုက်သော ထိုပါးလေးအား
လက်ဖြင့်သုတ်ကာ မကြိုက်ဟန်ဖြင့်ဆူ
ပုတ်ကာနေလေ၏။ငွေရောင်လည်း
ဆေးရုံဝန်းထဲမှ စတင်မောင်းနှင်းလိုက်ကာ ဟိန်းမာန်အိမ်ရှိရာ လမ်းသို့ဦးတည်မောင်းနှင်လာလိုက်သည်။
တစ်ယောက်နဲ့တစ်ယောက် ကားမောင်းရင်းဖြင့် စလ်ိုက်‌ နောက်လိုက်ဖြင့်
ကြည်နူးနေမိသော်လည်း ထိုအချိန်အခိုက်တန့်လေးတွေသည် ရုတ်ချည်း
ပြောင်းလဲသွားရလေသည်။

" ကားနောက်ကကားက ‌ဟိန်းမာန်
တို့နောက်လိုက်နေတာလားလို့.."

ဟိန်းမာန်ပြောစကားကြောင့်ငွေရောင်
လည်းကား ဘတ်မှန်မှတစ်ဆင့်နောက်
သို့ ပြန်ကြည့်လိုက်သည်။မိမိကားနောက်
မှ တပ်ကြပ်မကွာလိုက်နေသော အနက်
ရောင် ကားတစ်စီး။‌ ငွေရောင်ထိုကားကို
မြင်သည်နှင့် ဒေါသ‌တို့ထောင်းကနဲ့
ထွက်လာကာ တောက်တစ်ချက်အကျယ်
ကြီး ခေါက်မိသည်။မိမိတောက်ခေါက်သံ
ကြောင့် ဘေးမှဟိန်းမာန် လေးက လန့်သွားပုံဖြင့် မိမိအား ဘာလို့ဟူသောအကြည့်တို့ဖြင့်ကြည့်လာရသည်။

Running in your soulWhere stories live. Discover now