အပိုင်း-(17)

58 2 2
                                    

မြတ်လည်း အချိန်အနည်းငယ်ကြာ
အောင်ကားမောင်းပြီးနောက် စတိုး
ဆိုင်တစ်ဆိုင်၌ကားရပ်ကာရေတစ်ဘူး
ဆင်းဝယ်လိုက်သည်။မိုးသားတော်
တော်လန့်သွားတယ် ထင်သည်။
မျက်နှာမှာ ဘာသွေးမှမရှိတော့သလို
ဖြူလျော့နေပြီး တစ်ကိုယ်လုံးလည်း
တုံရီနေလေသည်။မြတ်ရေဘူးဝယ်ပြီး
ကားထဲပြန်ဝင်ရန်လုပ်‌တော့ မိုးသား
က ကားပေါ်မှဆင်းလာကာ စတိုးဆိုင်
ထဲဝင်လာလေသည်။မိမိက မိုးသား
ဘာစားမလဲ တစ်ခုခုလိုလို့လားလို့
မေးတော့ ဘာမှမပြောဘဲ စတိုးဆိုင်
ထဲ၌သာ တစ်စုံတစ်ရာကို ပတ်ရှာနေ
လေသည်။မြတ်လည်း ဘာမှမေးမနေ
တော့ဘဲ မိုးသားအားလွှတ်ထားလိုက်
ကာ မိမိကတော့စတိုးဆိုင် အတွင်းရှိ
စားပွဲခုံလေးတစ်ခုံ၌ ဝင်ထိုင်
လိုက်သည်။

မိန်းကလေးလို ဝတ်ရတာ နေသား
မကျသေးတဲ့အတွက် မြတ်အတွက်
သက်တောင့်သက်သာ သိပ်မဖြစ်ပေ။
အထူးသဖြင့် ဒီဆံပင်အရှည်တွေ ကိုယ့်
ဆံပင်မဟုတ်တဲ့အတုကြီးက စွပ်ထား
ရတာ နည်းနည်း ကသိကအောက်ဖြစ်
စေတယ်။ကျန်တာတွေကတော့ သိပ်
ပြီးနေရမခက်စေပါ။တစ်နေ့လုံး မိုးသား
အလုပ်လုပ်ရ‌သို့ တစ်ကောက်
ကောက်လိုက်နေလို့လားမသိ ‌ခြေဖဝါး
တွေနာလာတယ်လို့တောင်ခံစားနေ
ရတယ်။ထို့ကြောင့် မြတ်လည်း စီး
ထားသော sneakers အညိုလေးအား
ချွတ်ကာ ကြည့်လိုက်မိသည်။
ခြေဖဝါး၌ မထူမပါး ပတ်တီး‌ဖွေးဖွေး
လေးတွေက နေရာယူထားသည်။
ညက ဖန်ကွဲရှထားကို မေ့နေတာ
အဲ့ဒါကြောင့်‌ ခြေဖဝါးနာနေတာပေါ့။

မြတ်ကိုယ်ခြေထောက်ကိုသာ အာရုံ
ရောက်နေသောကြောင့် မိုးသားအနား
ရောက်နေတာကို မသိလိုက်ပေ။ချက်ချင်းဆိုသလို မိုးသားက ငုံနေသော
မြတ်မျက်နှာကို အသာဆွဲမော့စေကာ
သူလက်ထဲက ဝက်ရုပ်ပုံ အနာကပ်
ပလာစတာလေးဖြင့် မြတ်ဘယ်ဘက်
မျက်နှာပေါ်သို့ လာကပ်ပေးလာသည်။
ရုတ်တရက်ဆိုတော့ မြတ်တောင် ကြောင်သွားရသည်။ပြီးတော့ မိုးသားက
သူကို ပြုံးပြီးကြည့်ကာ တောင်းပန်ပါ
တယ်လို့ပြောလေသည်။မြတ်ရဲ့ မျက်
လုံးထဲမှာတော့ မိုးသားလုပ်သမျှ
အရာအားလုံး ကို အနှေးကွက်
ပုံစံဖြင့်မြင်နေရကာ မြတ်ကို ရင်သက်
ရှု‌မောစေသည်။ရင်ဘတ်ထဲက ပိုးလေး
တွေရွစိရွစိ ဖြစ်လာသလို အသဲယား
လာလေသည်။ချက်ချင်းကို ပြုံးပြနေတဲ့
နှုတ်ခမ်းရဲရဲလေးတွေကို ဆွဲပြီးနမ်း
လိုက်ချင်သည်။

Running in your soulWhere stories live. Discover now