အပိုင်း(၈)

70 5 2
                                    

နူးညံသော နှုတ်ခမ်းသားနွေးနွေးတို့နဲ့
ဖြင့် စုပ်ယူနမ်းခြင်းခံလိုက်ရသော
ကြောင့် မန်း တစ်ကိုယ်လုံး ကျက်သည်း
မွှေးများထလာလေသည်။ရင်ခုန်သံတို့ကလည်း ဝုန်းဒိုင်းကျဲလျက်။ခရမ်းကတော့ မန်းနှုတ်ခမ်းများအား ဒီတစ်သက်လွှတ်ပေးမည့်ပုံမပေါ်သဖြင့် မန်းအတင်းရုန်းရတော့သည်။ဒီအတိုင်း‌ဆက်ပြီး နမ်းနေရင် မန်းရင်တွေခုန်လွန်းလို့ရူးလိမ့်မည်။

"လွှတ် ..အွန့် လွှတ်ပါအုံး...."

ဒါတောင်သူက မလွှတ်ပေးပဲ ခရမ်းကို
ကျောပေးထားတဲ့ မန်းကို သူ
နှင့်မျက်နှာချင်းဆိုင်ရာဘက်သို့လှည့်ကာ တဖန် နှုတ်ခမ်းများကို နမ်းရှိုက်လာပြန်သည်။မန်းလည်း ယောကျာ်းပါပဲ ဘာလို့သူနဲ့ကြမှ သူပြုသမျှနုနေရတာလဲ။လက်တစ်ဖက်တည်းသာ ကောင်းပေလို့ပဲ မန်းကို တစ်ဖက်ဆွဲလှည့်လိုက်တာများ စွေ့ကနဲ။

"ခနလေးပါ ခရမ်း..အွန့်.."

တော်တော်ကြာအောင် ခရမ်း နမ်းလို့
ဝတော့မှ မန်းကိုလွှတ်ပေးလာသည်။
အနမ်းခံရတဲ့ ရင်ခွင်ထဲက ကိုကိုလေး
ကတော့ အသက်ကို ဖြေးဖြေးမှန်မှန်ပြန်ရှူနေရပုံ ‌ကြည့်ရင် တော်တော်မော
သွားပုံရသည်။အသက်ရှူလို့ ဝတော့
ရင်ခွင်ထဲက ကိုကိုသေးသေးလေးက
ခရမ်းချဉ်သီး မျက်နှာနဲ့ နှုတ်ခမ်းကို
တစ်ထောင်လောက်ဆူ ကာခရမ်းကို
မော့ကြည့်လာသည်။

"ဘာလို့ အတင်းနမ်းနေတာလဲ .."

"ချစ်လို့လေ ကိုကိုကို နမ်းရတာဝတောင်မဝဘူး.."

ထိုသို့ပြောတော့ ကိုကိုသေးသေးလေးက ရှက်ပြီးခေါင်းငုံ့သွားလေသည်။
ခရမ်းကို ရှက်နေသေးသည်။လက်ထက်
ပြီးရင်ဒီထက် ရှက်ဖို့ကောင်းတာတွေ
ဖြစ်လာမှာပဲကို။

"ငါ ဂေးမဟုတ်ဘူး အဲ့တော့ မင်းငါကို
ဆက်မလိုက်နဲ့တော့..."

မန်းလေသံက အသံမာမာပြောခြင်းမဟုတ်ပဲ စိတ်ကောက်နေသော ကလေး
တစ်ယောက်၏ လေသံကဲ့သို့။

"ကိုကိုကို ကျွန်တော် ဂေးလို့ချစ်တာမှ
မဟုတ်တာ ကိုကိုကိုပဲချစ်တာ ကိုကိုရဲ့ဒီအတိုင်းပုံစံလေးကိုပဲချစ်တာ အဲ့ဒါကိုမှ လူတွေကဂေးလို့ သတ်မှတ်ကြတာ"

Running in your soulWhere stories live. Discover now