part-(25)

83 2 0
                                    

နိုးစက်သံကြောင့် နိုးလာရသောလည်းတစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲထည့်
ပြီးဖက်ထားခြင်းခံရသောကြောင့် ငြိမ်ငြိမ်လေးနေ၍သာ ထိုသူ၏ရင်ငွေ့ကိုခိုလှုံနေမိ‌‌ တော့သည်။ထိုသူရဲ့နာဖျားစီထွက်သက် ဝင်သက်မှန်သမျှက မိမိနဖူးကို ခပ်နွေးနွေးရယ်ရိုက်ခတ်နေသည်။ခနနေ နိုးလာမယ် အထင်ဖြင့်အသာ ငြိမ်၍နေလိုက်ပါသော်လည်း ထိုသူကနိုးမလာ။မိုးသား ရင်ခွင်ထဲမှ အသာရုန်း၍ထွက်ကြည့်မိပါသော်လည်း အတင်းသာပြန်ဆွဲသွင်းနေသူကြောင့် ထွက်မရ။
အဝတ်မဝတ်ထားသောကိုယ်နှစ်ခုပူးကပ်ထားတာ ဖြစ်‌သောကြောင့် မြတ်ရဲ့ကိုယ်အပူရှိန်တွေက တဖြည်းဖြည်း မိုးသားကို ကူးလူးလာတော့လေသည်။ ထိုကြောင့်အလန့်တကြား ရုန်းထလိုက်ကာ နဖူးကိုစမ်းကြည့်မှ သေအချာ မြတ်ဖျားနေပြီ။

မိုးသားထင်မိပါတယ် ညထဲက ခေါင်းသုတ်ခိုင်းတာ ခေါင်းမှမသုတ်ပဲ။အခုတော့ဖျားပြီ။အဖျားကြောင့်လားမသိ
မျက်နှာတစ်ခုလုံးနီရဲကာ နှုတ်ခမ်းလေးများလည်းဖျော့တော့နေသည်။ဒီလိုကြည့်တော့ တကယ်ချောလေသူ ကျွန်မအပိုင်လူသား။ခိုင်းနှိုင်းရက်စရာမရှိ။အရာရာကို ပြောင်းလဲအောင်လုပ်ပေးနိုင်ခဲ့သူ မင်းက ငါ့အပိုင်ပါမြတ်။

မိုးသားလည်း ဗီရိုထဲမှ ပေါ့ပေါ့ပါးပါး
အဝတ်တစ်စုံထုတ်ဝတ်ကာ စိတ်ကြည်သွားစေရန်မျက်နှာသစ်လိုက်သည်။
ထို့နောက် အဝတ်ဗလာဖြင့်ကုတင်ပေါ်
တွင်အိပ်ပျော်နေသူကို အသာနိုးလိုက်
တော့သည်။

"မြတ် အဆင်ပြေရဲ့လား ထပါအုံး
အင်္ကျီဝတ်ရအောင်လေ ပြီးရင်ဆေး
သောက်ရမယ်..."

"ဟမ် ဟင် အင်း ကိုယ်ဘာဖြစ်လို့လဲ.."

မိုးသာ အသာလှုပ်နိုးသောကြောင့်
စောင်ကြီး ခေါင်းခြုံကာ ထလာသော
လည်း မျက်လူံးကမပွင့်။အသာနဖူးကို
စမ်းကြည့်တော့ ကိုယ်ဘာဖြစ်လို့လဲဟု
မေးလေသည်။

"မြတ်ဖျားနေတယ် ဆေးခန်းသွားရမယ်.."

"ကိုယ်ဘာမှမဖြစ်ပါဘူး ကိုယ်ဒီလောက်ကတော့ အပျော့ပါ.."

"ဘာလို့ဘာမှမဖြစ်ရမှာလဲလေသံက အားမရှိတဲ့အသံနဲ့ ထ ထ အဝတ်လဲပြီး
ဆေးခန်း..."

Running in your soulWhere stories live. Discover now