အပိုင်း-(19)

66 2 2
                                    

"ဟိန်းမာန်..!!!"

မိမိအတွေးတွေနှင့်အတူ ပြိုလဲနေတုန်း
မှာပဲ မိမိ၏နောက်‌ကျောတစ်နေရာမှ
ဖျော့တော့ ၍အားမပါသော အသံရှိသူ
လူတစ်ဦးက မိမိနာမည်အား ခေါ်ကာမိ
မိ‌ရှိရာသို့တိုးကပ်လာသည်ကို သတိပြု
မိသွားသောကြောင့် လှည့်ကြည့်လိုက်
မိသည်။ဒေါက်တာ ငွေရောင်မိုးပါလား။
သူ၏ပုံက အရိုက်ခံရာ၍ နာကျင်နေ
သည့်ပုံတော့မပေါက်။ခေါင်း၌ ပတ်တီး
အဖွေးသားဖြင့် နှုတ်ခမ်းထောင့်က
လည်း ထိုးခံရတာမှန်းသိသာအောင်
ဖူးယောင်နေလေသည်။ဒါပေမယ့်
ပုံစံက နာကျင်နေတဲ့ပုံလုံးဝမပေါ်။

ဟိန်းမာန်လည်း ဒေါက်တာငွေရောင်ကို
မြင်တော့ ချက်ချင်းရှေ့သို့ပြန်လှည့်
လိုက်ကာ ကျူတီကတ်ု အနား
ဖြင့် မိမိမျက်လုံး နားလေးတွေကို
မသိမသာလှည့်သုတ်လိုကက်မိသည်။
ဘာကြောင့်ငိုလဲလိုမေးရင် ဖြေ
ရမယ့် စကားလုံးတွေက ရင်ဘတ်
ထဲက နာကျင်စွာထွက်မှာ မဟုတ်ဘူး။

"ဒေါက်တာ ဟမ်း ..နားနားနေနေနေပါ.."

မိမိပြောတဲ့စကားပင်မဆုံးလိုက်ပေ။
ဒေါက်တာ့ ၏ ပွေ့ဖက်ခြင်းကိုခံ
လိုက်ရသည်။ဟိန်းမာန် လန့်သွား
ရတာတော့အမှန်ပဲ။ရုတ်တရက်ကြီး
ဆိုတော့ ကြောင်သွားကာ ဖက်ထား
တဲ့အတိုင်းသာ မလှုပ်မရှား နေမိသည်။

"မင်း အဆင်ပြေရဲ့လား ကြည့်ပါအုံး
မျက်လုံးနားက ဖူးယောင်နေတာပဲ."

‌ငွေရောင်မိုး ဟိန်းမာန်ရဲ့ မျက်နှာ
လေးကို အသာမိမိမြင်သာအောင်
လက်ဖြင်ပင့်မောစေကာ ကြည့်လိုက်
သည်။မျက်မှန်ငွေရာင်လေးက ရွဲနေ
လေသည်။ငိုနေမှန်းသိသာအောင်
မျက်မှန်ရဲ့ မှန်၌ အခိုးငွေ့များရိုက်
နေလေသည်။ဒါတောင်သူက
ငိုနေတာကို ဖုန်းကွယ်ချင်နေသေး
တာ။ငိုထားလို ဖောင်းအစ်နေတဲ့
မျက်ဝန်းအိမ်လေးတွေနဲ့ ရဲနေတဲ့
နာဖျားထိပ်လေးတွေက ချစ်စရာ
အတိပင်။ဒီကောင်လေးကိုသာ
ချစ်ခွင့်ရရင် ဘယ်လောက် ပျော်ဖို့
ကောင်းလိုက်မလဲ။ဒါပေမယ့် သူက
ကျွန်တော်က လွှဲရင် တစ်ခြားတစ်
ယောက်ကို မေ့မရသေးဘူးတဲ့။

"ဟို...ဟို ...ဟို..လေ ကျွန်တော် အဆင်
ပြေပါတယ် ဒေါက်တာ .."

အချိန်ကြာအောင် မျက်လုံးတွေကို စိုက်
ကြည့်မိတော့ အလန့်တကြားဖြင့် မိမိ
ကိုယ်ထဲမှ ရုန်းထွက်လာလေသည်။
မျက်နှာလေးကလည်း နီရဲကာ ရှက်
ကိုးရှက်ကန်းဖြင့် စကားတွေလည်း
ထစ်နေလေသည်။

Running in your soulWhere stories live. Discover now