part-23

126 2 0
                                    

ကြားရတဲ့ သတင်းတွေကြောင့် မဏီ
အလုပ်တွေတောက် အပြီး မသတ်နိုင်ပဲ
ရန်ကုန့် အမြန်ဆုံးလေ ယာဉ်ဖြင့် ပြန်လာလိုက်သည်။မျက်ဝန်းမှ မျက်ရည်
တို့ကလည်း အဆက်မပျက်ကျနေလေပြီ။
ပထမဦးဆုံး စိတ်ရော ကိုယ်ပါ ယုံပြီး
ချစ်ရတဲ့သူ စီကမှ အခုလို စွန့်ပစ်ခြင်းကို
ခံရလေပြီတဲ့။မဏီမယုံ သေးပါ။
ဖုန်းဆက်ပြီးပြောလာသော မဏီနိုင်း
ရဲ့စကားတွေက ယုံနိုင်စရာတစ်ကွက်
မရှိသော်လည်း အရာရာ အားလုံးကို
အားနာနေတတ်ပြီး အေးဆေးလှသော
ဟိုလူကြီး ကြောင့်ရင်ထဲ ၌ ဗြောင်းဆန်နေ
လေပြီ။

ဘာတဲ့ "ကိုသက်က ငါ့အပိုင်ဆိုပြီး "
မင်္ဂလာ‌ခန်းမရှေ့မှ နှစ်ယောက်လက်တွဲ
ကာရိုက်ထားတဲ့ ဓာတ်ပုံကို မဏီဆ‌ီကို
မဏီနိင်းက ပို့လာလေသည်။ဒီ ဓာတ်ပုံ
ကိုမြင်မြင်ချင်း ကိုသက်ကို စိတ်တိုမိသည်။
မဏီ မကြိုက်မှန်းသိရဲ့နဲ့ ဘာကြောင့်
သူ့အမနဲ့ ပက်သက်ရတာလဲ။မဏီထို
ဓာတ်ပုံပို့လာသူဆီသို့ "ရူးနေတာလား"
ဟု မယုံသည့် ပုံစံဖြင့် စာပြန်ခဲ့ပါသေး
သည်။ကိုသက်ကို ယုံပါသည်။သိူ့သော်
လည်း စိတ်ထဲ၌ ထင့်နေ၍ သေချာသွား
အောင် သူငယ်ချင်း အရင်းကြီးဖြစ်သော
ခရမ်းအား လှမ်းပြီး စာပို့မေးကြည့်လိုက်
သည်။သိူ့သော် ခရမ်းပြန့်ပို့လာသော
စာကြောင့် မဏီ အလျှင်အမြန် ပြန်လာ
ရင်ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။
ကိုသက် ခင်ဗျား တော့ အသေပဲ....

ပြန်ပို့လာသော စာက...
"ကိုသက်ရှိလား သူ့ကိုဖုန်းကိုခေါ်လို့မရလို့..."

"ကိုသက် မင်္ဂလာဆောင်တယ် ဒီနေ့...."

မဏီချစ်ရသော သူတစ်ယောက်က မဏီကို ဒီလိုထားခဲ့မယ်လို့ မဏီမယုံ
ချင်ပါ။သို့သော်လည်း ခရမ်းပြန်ပို့လာ
သော စာကြောင့် မဏီတကယ့်ကို အရူး
တစ်ပိုင်းငိုနေမိပါပြီ။‌မင်္ဂလာ‌ေဆာင်က ညနေ မှဆိုတော့ သိရခြင်း မှီရာလေယာဉ်နဲ့ရန်ကုန်သို့ပြန်လာမိသည်။

"အော် လိုင်းကလဲ ကွာ...တောက်.."

အိမ်ရှေိ့ဆိုဖာ၌ ထိုင်ရင်း ဖုန်းကြည့်ရင်း
မှ တောက်ခေါက်ကာ ခေါင်းတစ်ရမ်းရမ်း
လုပ်နေသော မိမိရဲ့ ကလေးကြီး ခရမ်း
ဆီသို့ မီးဖို ချောင်ထဲမှ မနက်စာပြင်ရင်း
မန်း တစ်ချက်လှည့်ကြည့်ကာ ‌‌ဘာများဖြစ်တာလဲဟု လှမ်းမေးမိသည်။

Running in your soulWhere stories live. Discover now