Part -(21)

69 1 0
                                    

"ကိုသက် ကျွန်တော် အရမ်းမကြာဘူးနော် တစ်ပတ်ထည်းပါ.."

ကိုသက်နဲ့ပဲခူးက ပြန်လာပြီးကတည်း
ကမဏီ အိမ်မပြန်ဖြစ်တော့ပါ။အိမ်
ပြန်ရင် အိမ်က အမနဲ့ အမေတွေ အဖေတွေကို ရင်ဆိုင်ရမှာ မဏီ
ကြောက်နေမိတာအမှန်ပဲ။အခုဆို သူတို့
ကမဏီ့ကို စွန့်လွတ်ဖို့ တွေးနေကြရော
ပေါ့။ကိစ္စမရှိပါဘူး ဒါတွေကနေသား
ကျနေပါပြီ။သူတို့က သားထက်
ဂုဏ်ပကာသန တွေကို ပိုပြီး တန်ဖိုး
ထားတာကို။အခုလည်း ဘန်ကောက်
ကို ကားကိစ္စနဲ့ ခရီးသွားရမှာဖြစ်လို့
တစ်ပတ်လောက် ဟိုလူကြီးနဲ့ ခွဲရအုံး
မယ်။

"စိတ်ချပါ မဏီရယ် ကိုကဘာလုပ်မှာ
မို့လဲ..."

"ခင်ဗျားကို မယုံတာ မဟုတ်ဘူး ခင်ဗျား
ရဲ့အားနာတတ်တဲ့စိတ်ကို မယုံတာ.."

ကိုသက်က အားနာတတ်တာ အတိုင်း
ထက်လွန်ပင်။ထို့ကြောင့် တစ်ခုခုကို
အဲ့ဒီအားနာတတ်တဲ့ စိတ်နဲ့ မဖြစ်သင့်
တာတွေ မဖြစ်ရအောင် ကြိုပြီး ပြော
ထားရသည်။

"ကယ်ပြောပါအုံး မင်းလေး‌ ပြောတဲ့ ကိုအားနာတတ်တဲ့ အကြောင်းရဲ့
အပြစ်လေ..."

"ခင်ဗျားလေ ဟိုကောင်မလေးကို
ကားကြုံတင်တာတို့ အလုပ်ကိစ္စ
ဆွေးနွေးတာတို့ ပြီးတော့ ကျွန်တော့်အမနဲ့.......သွားမတွေ့နဲ့.."

လုပ်စသတ်သော ကောင်ဆိုးလေးကို
သိူ့ကိုသဝန်တိုနေခြငိးဖြစ်သည်။
ကိုက မင်းကိုနှစ်ဆပိုလို့တောင် စိတ်မ
ချသေး။မင်းပုံစံလေးက လူတိုင်းရဲ့
ချစ်ချင်စရာပုံစံလေးလေ။ကိုသဝန်
တိုဖို့လည်းထားပါအုံး။

"ကောင်းပါပြီဗျာ ကိုအဲ့တာမျိုးတွေ
မလုပ်တော့ပါဘူး..."

"ပြောရတာမဟုတ်ဘူး ခင်ဗျားက
ကြည့်ကောင်းနေတော့ လူတိုင်းက
လိုချင်နေတာ....."

"မင်းကရော ကိုယ့်ကို မလိုချင်ဘူးလား.."

"ပြွတ်စ်..."

ကိုသက်ရဲ့စကားအဆုံးမှာ မဏီ့ရဲ့
လျှပ်တစ်ပြတ် အနမ်းတိုက်ကွက်တွေ
က ထိုးစစ်ဆင်လာ‌လေသည်။
မဏီ့ရယ် ကိုသက် မဏီ့ရဲ့ အပြုံးတွေ
နဲ့တင် အရည်ပျော်နေ သူပါ။ကိုယ်ကို
ရူးအောင်များ ပြုစားဖို့ဆုံးဖြတ်ထား
သလား။

Running in your soulWhere stories live. Discover now