part-(22)🌚

232 5 0
                                    

မိုးသားကို ဖုန်းဆက်လာတဲ့ ဖုန်းထဲလူ
ပြောတဲ့အတိုင်း မိုးသားကားမောင်း
လာခဲ့သည်။သေချာ ပြန်စဉ်းစားကြည့်
လိုက်တော့ ဒါက ပန်းခြံပဲ။မိုးသား
လည်း ထိုပန်းခြုံရှိရာသို့ကားကို အပြေး
မောင်းရင်း ရောက်လာခဲ့သည်။ကား
ထားတဲ့ နေရာ၌ ကားထိုးရင်း မြင်ခဲ့ရ
သော အနက်ရောင်ကားလေးက မြတ်
ကားဆိုသာ မိုးသားကြည့်ရုံမှတ်မိလိုက်
သည်။မိုးသား ပြေးလွှားကာ ပန်းခြံ
ထဲမြတ်ကို လိုက်ရှာနေမိသည်။ပန်းခြံ
ဒီနေ့မှ လူနည်းနည်း ရှုပ်နေသလိုလို
ဖြစ်နေသော ရှာရတာ အခက်တွေမိ
သည်။အချိန်အတော်တန်ကြာမှ ရေခဲ
မုန့်ဘေးဆိုင်‌‌ ဘေးရှိ ခုံတန်းလေး၌
စိတ်ပျက်လက်ပျက် ထိုငိနေသော မြတ်
ကိုတွေ့လိုက်ရတော့မှ မိုးသား သက်ပျင်းချမိတော့သည်။

"မြတ်..!!"

မိုးသားမြတ်နာမည် လှမ်းခေါ်လိုက်ရင်းကိုသူရှိရာသိူ့ပြေးသွားလိုက်သည်။မိုးသားလာတာကို
မြင်တော့ မြတ်က ထိုခုံတန်းက‌နေ
မတ်တက်ထရပ် လိုက်ကာ မိုးသား
ကို ကျောပေးလျက် ထွက်သွားဖို့ပြင်
ဆင်နေလေသည်။

"ဘယ်သွားမလို့လဲ ဘာလို့ရှောင်နေတာလဲမြတ်..."

မိုးသားရဲ့စကားကြောင့် မြတ်ထွက်သွား
ရန်လှမ်းနေသော ခြေလှမ်းတို့ရပ်တန့်
သွားရသည်။မြတ် တကယ်ရှက်ပါ
သည်။ဒီအတောအတွင်း မိမိကလိမ်ခဲ့
မိပါသော်လည်း သူ့သိနေခဲ့တာ။
မြတ်ပြန်ပြီး အလိမ်ခံခဲ့ရတာလား။
ပြီးတော့ မိုးသားက ဟို တစ်ယောက်
ကို အဖြေပေးလိုက်ပြီလား ....
မြတ်ရယ် အမတောင်းပန်ပါတယ်
မင်းကို မချစ်နိူင်ပါဘူးလို့များ ပြောမလား ........
အဲ့လို အတွေးကြောင့် မြတ်ရှောင်နေမိ
တာ..မြတ် မိုးသားကို ရင်မဆိုင်ရဲဘူး
ကြောက်နေမိတယ်.။

"အခုမှ ကြောက်မနေနဲ့..!!!!!!"

မိုးသားရဲ့ အားပါလှတဲ့ ပြောဆိုခြင်းနဲ့အတူ မြတ်ရှေ့သို့အလျင်
အမြန်ပဲ ရောက်လာကာ မြတ်ရဲ့လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်
သည်။အခုချိန်ထိ မြတ် မိုးသားကို
မျက်နှာလွဲနေမိတုန်းပဲ။ဘာမှန်းမသိတဲ့
ဝမ်းနည်းတဲ့ ခံစားချက်ကြီး ရင်ထဲ
ဖြစ်ပေါ်လာကာ မြတ် ငိုချင်လာသည်။

Running in your soulWhere stories live. Discover now