Ep-6🌼

586 76 16
                                        

[Unicode]🌼

ထယ်ဟျောင်း ကျောင်းဆင်းတာနဲ့အိမ်ကိုသာတန်းတန်းမတ်မတ်ပြန်လာခဲ့လိုက်သည်။ ဒါကသိပ်ကိုအထူးအဆန်းကြီးတော့လဲမဟုတ်ပြန်။ အများနှင့်နည်းတူ လူငယ်သဘာ၀သွားချင်တဲ့နေရာကိုသွားကာ စိတ်ကြိုက်ပျော်ပါးနေရမည်မှာမှန်သော်ငြား ထယ်ဟျောင်းကအပျော်နှင့်အပျက်ကို ခွဲခြားထိန်းသိမ်းနိုင်သည့်လူငယ်တစ်ယောက်။

မကြာခင်မှာပဲသူကျောင်းပြီးတော့မည်။ သူဖြစ်ချင်ခဲ့တဲ့ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ဖို့အခွင့်အရေးကသူ့ရှေ့ကိုရောက်ရှိလို့လာတော့မည်မို့ သူလိမ္မာနေမိခြင်းလားတော့ ကိုယ်တိုင်လည်းမသဲကွဲပါချေ။

သူ့အားအုပ်ထိန်းသူကိုကိုကမျှော်နေမည်မဟုတ်သော်ငြား သူကိုယ်တိုင်ကိုကဘယ်ဆီဘယ်၀ယ်ကိုရောက်နေပါစေ ပြင်းပြသောဆန္ဒတို့ဖြင့်သာ ထိုသူ့အငွေ့အသက်တို့ရှိရာထံအရောက်ပြန်ချင်ခဲ့သည်သာ။ သွေးသားမတော်စပ်သည့်သူစိမ်းနှစ်ဦးမှာ သွေးချင်းမနီးသော်ငြား ခန္ဓာကိုယ်ချင်းကနီးစပ်ယှက်နွယ်ခဲ့ပြီးပြီဖြစ်သည်။ လိုအင်ဆန္ဒတို့မဖြစ်တည်ခဲ့ပါဘဲ ရုတ်ချည်းဆန်စွာဖြစ်ပျက်ခဲ့သည့် ထိုည၏အဖြစ်အပျက်များတွင် ကောင်းကင်ယံသည် သေးငယ်သောကြယ်အစုအဝေးတို့ဖြင့်ပြည့်နှက်‌တောက်ပလို့နေခဲ့ပြီး ညကောင်းကင်ယံ၏တစ်ခုတည်းသောအကြီးမားဆုံးလစန္ဒာသည်လည်းလိုသည်ထက်သာ၍တောက်ပထွန်းလင်းလို့နေခဲ့သည်။ ထိုည၏အတွေးမှတ်ဉာဏ်များထဲ၌လှပခြင်းဟူသည့်အရာများကသာ တိုး၀င်ရောယှက်လို့နေခဲ့ပြီး အမှောင်ထုထဲ၌အတောက်ပဆုံးသောထိုသူသည်လည်းအလှပဆုံးဖြစ်နေခဲ့သည်။

"မဖြစ်ဘူး! ထယ်ဟျောင်း ငါ-ငါတို့ ဒီလို- "

"ရှူး...စိတ်ကိုတင်းမထားနဲ့ကိုကို ကျွန်တော်ကူညီပါရစေနော်"

"ဟင့်အင်း...ငါတို့-"

အနီးတစ်ဝိုက်တွင်ပြန့်ကျဲသွားသည့်အ၀တ်တွေနှင့်အတူ ကျောပြင်ထက်သို့စိမ့်၀င်လာသည့်နာကျင်မှုတို့ကိုအောင့်ခံရင်းသာ ထိုလူသားရဲ့လိုအပ်မှုကိုဖြည့်ဆည်းပေးနေမိသည်။ ပါတီတစ်ခုတက်ဖို့ရန်ဟုဆိုကာ ထွက်ခွာသွားသည့်လူသားအား မည်သူကဒုက္ခပေးလိုက်သလဲမသိ။ တရားခံမပေါ်သည့်စိတ်ကြွဆေးတစ်ချို့ကြောင့် ဖျော့တော့ကာမိန်း‌မောလို့နေသည့်ထိုသူက သူ့တွင်အနည်းငယ်ကျန်ရစ်ခိုကပ်နေသေးသည့်မှေးမှိန်သေးငယ်လွန်းသောအသိစိတ်တို့ဖြင့်ငြင်းဆန်လို့နေသည်မှာ ခေါင်းမာလွန်းလှစွာ။
ထယ်ဟျောင်းသာမသိခဲ့ရင် ဘယ်ချိန်ထိသူတစ်ယောက်တည်းကြိတ်ခံနေဦးမည်လဲမသိ။ သို့သော် အထိအတွေ့ပင်မခံနိုင်သည်အထိ ပြင်းပြနေသည့်ဆေးအရှိန်ကြောင့် ခန္ဓာကိုယ်ကတောင့်တနေမှုကိုတော့ ထိုသူကအချိန်ကြာကြာမငြင်းဆန်နိုင်တော့သည့်ဟန်။

||THORN||Where stories live. Discover now