[Unicode]
"ဦးလေးကြီး! ဟေး ဦးလေးကြီး Leo!"
တိတ်ဆိတ်နေသည့်အိမ်၀န်းထဲသို့ အသံကျယ်ဟစ်ကာ ရောက်လာသူကြောင့် Leo မျက်မှောင်ကြုတ်မိပါ၏။ ၎င်းက ယခုအချိန်မှာ သူမကြားချင်ဆုံးအသံနှင့် မမြင်ချင်ဆုံးသူတစ်ဦးသာဖြစ်လို့နေလေသည်။
လူတွေကို စိတ်သောကတွေနှင့် ဒုက္ခပေါင်းများစွာပေးထားသူက အခုတော့ သူမဟုတ်သလိုနှင့် ယုန်သူငယ်လေးလာလုပ်နေသေးသည်။ ဂျွန့် ကြောင့်သာမဟုတ်ရင် ဒီကလေးကသူတို့ဘ၀ထဲ အခုလို ၀င်ရောက်ပက်သက်လာမှာမဟုတ်။ ထိုအချိန်ကတည်းကသာ သူတို့ ဒီကလေးကိုသေသေရှင်ရှင်သာ ပစ်ထားခဲ့လိုက်ရင် ဒီလိုမျိုးဒုက္ခတွေကို သူတို့ခံစားနေရမှာမဟုတ်။"ဒီလောက်ခေါ်နေတာကို တစ်ခွန်းမထူးဘူး ခင်ဗျားကြီးက"
ဘာကိစ္စလဲပြောဆိုသည့်သဘောနှင့် တစ်ခွန်းမှမဆိုဘဲ လက်နှစ်ဖက်ကိုပိုက်ကာရပ်နေသည့် Leo ကို တွေ့တော့ ထယ်ဟျောင်းက စိတ်ဆိုးမာန်ဆိုးနှင့်ပြောတော့သည်မှာ တရစပ်။
"ဘာလို့ ငါ့ကိုရှာနေတာလဲ"
"ကိုကိုရော? ကျွန်တော် ကိုကို့ကို ရှာမတွေ့လို့"
"မရှိဘူး"
"ကိုကိုက ဘယ်သွားတာလဲ?"
သူမေးခွန်းထုတ်နေရင်းပင် အိမ်ရှေ့ဆီကကားသံကြားတော့ သူအမြန်ပင်ပြေးထွက်ခဲ့ပါတော့၏။ တစ်နေကုန်လုံး ကိုကို့ကို ထယ်ဟျောင်း တစ်ခါလေးတောင်မှ တွေ့ရသေးတာမဟုတ်။ ထိုသူ့ရဲ့ ကိုယ်သင်းနံ့လေးကအစ ထိုသူရဲ့ နွေးထွေးသည့်ပွေ့ဖက်ပေးမှုတွေအဆုံး အရာအားလုံးကို သူလွမ်းနေခဲ့ရတာ။
"ပြန်ရောက်ပြီပေါ့ ကို••"
သာယာချိုမြနေသည့်အသံနှင့် ထယ်ဟျောင်း သူသဘောကျရသည့် နာမ်စားလေးကို ရွတ်ဆိုနေတုန်းမှာပင် မီးပွားတို့ကသူ့လည်ချောင်းထဲသို့ ဖောက်စင်သွားသကဲ့သို့ပင် ပူထူသွားသည့် သူ့ရဲ့ပုံစံကို သူ့ရှေ့ကလူသားကတော့ မမြင်ချင်ယောင်ဆောင်ကာ လျစ်လျူရှုလို့နေလေသည်။
ဖြူစွတ်စွတ်အသားအရေနှင့် သေးသေးကွေးကွေးကောင်ငယ်လေးတစ်ယောက်က ကိုကို့ရဲ့ရင်ခွင်ထဲကိုတိုး၀င်ကာ ရယ်မောနေသလို ထိုကောင်လေး၏ခါးသိမ်သိမ်လေးကိုဖက်ကာ ခပ်ပြုံးပြုံးဖြစ်နေသည့်လူသားကို ကြည့်ရင်း ထယ်ဟျောင်း မှာ အလိုလိုဒေါသတွေထွက်လာရသည်။ တကယ်ပဲ ဒီလူကဘာဖြစ်ချင်နေရတာလဲ။
![](https://img.wattpad.com/cover/290895858-288-k920903.jpg)