EP-3🌼

675 99 28
                                    

[Unicode]

အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ဟန်တူသည်။ ကျောင်းဝတ်စုံနှင့်လူငယ်လေးမှာ အဆောက်အအုံပျက်ကြီးတစ်ခုထဲတွင် ပြေးလွှားနေသည်မှာ အားအင်လျော့နည်းစွာ။ ၄င်းအဆောက်အအုံပျက်ကြီးသည် အသုံးပြုခြင်းမရှိတော့သည့်ကာလပင် အတော်အတန်ကြာနေပုံရသည်အထိ အိုဟောင်းပျက်စီးနေ၏။ အဆက်မပြတ်အော်ဟစ်ကာ အကူအညီတောင်းသော်ငြား ဖြေသူကင်းမဲ့သောအမှောင်ထုကြားတွင် ထိုလူငယ်လေး၏ဘဝမှာကူသူမဲ့ဖြစ်‌နေခဲ့ဟန်။ နီရဲကာစုတ်ပြတ်သတ်နေသောလက်ကောက်ဝတ်နှစ်ဖက်သည် ချုပ်နှောင်ခံရခြင်း၏သက်သေတစ်ခုပင်ဖြစ်ပေ၏။ အောက်ကြမ်းပြင်ပေါ်သို့ တစ်စက်ပြီးတစ်စက်ဖြင့်ကျဆင်းလာသော အနီရင့်ရောင်သွေးစက်များသည် ထိုဖြူနုနုလက်ကလေးများမှ မြစ်ဖျားတည်ကာတသွင်သွင်ကျဆင်းလေသည်။ ထိုကောင်လေး၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တဆတ်ဆတ်တုန်ရီ‌နေကာ သွေးစွန်းသောနှုတ်ခမ်းပါးတို့ကလည်း ပေါက်ပြဲကာအသားစများပင် ကွဲဟလို့နေ‌လေ၏။

ခေတ္တခဏလေးအတွင်း လွတ်မြောက်တော့မည်ဟူသောမျှော်လင့်ချက်ငယ်လေးတစ်ခုမှာ သန်မာလွန်းစွာသောကိုယ်ခန္ဓာ၏ တဖန်ချုပ်နှောင်ခြင်းခံရမှုတွင် ‌ပျောက်ကွယ်လို့သွားရ၏။

'' မထိနဲ့...လွှတ်ပေးပါ...အား!! ကယ်ကြပါ...ကျေးဇူးပြုပြီး တစ်ယောက်ယောက်ကယ်တင်ပေးကြပါ''

ကြီးမားကျယ်ပြန်၍ နူးညံ့လွန်းလှသော အဖြူရောင်ဖဲမွေ့ယာထက်မှ ငေါက်ခနဲသူထထိုင်မိသည်။ ချွေးစီးပြိုက်ပြိုက်ကျလျက်ရှိသောခန္ဓာကိုယ်နှင့်အတူ ကြိမ်နှုန်းမြန်စွာဖြင့်တဒုတ်ဒုတ်ခုန်ပေါက်လျက် နိမ့်ချည်မြင့်ချည်ဖြစ်နေသော ရင်ဘတ်တစ်နေရာကို ခပ်ဖွဖွဖိရင်း ဘေးနားရှိ စားပွဲပေါ်တွင် အသင့်ရှိနေသော ရေတစ်ခွက်ကို အသည်းအသန်မော့ချမိ၏။
ပါးပြင်ထက်က စိုစိစိအထိအတွေ့ကြောင့် လက်ဖျားများက မဝံ့မရဲစမ်းသပ်မိသည်။ သူသိပ်မုန်းတဲ့မျက်ရည်တွေ ကျနေပြန်သည်လား။
သူကြောက်ရွံ့နေဆဲ...ထိုအတိတ်ဆိုးတွေထဲက ယခုထိတိုင် ရုန်းမထွက်နိုင်သေးဘဲ ပိတ်မိနေဆဲပင်ဖြစ်လေသည်။
တဆတ်ဆတ်တုန်ရီနေသော လက်ဖျားများက အချင်းချင်းပွတ်သပ်ကာ ကုတ်ဖဲ့နေမိသည်အထိ သူ့တွင်အသိစိတ်ဟူ၍ကပ်မနေ။ လက်ဖျားထိပ်များ ပွန်းပဲ့ကာသွေးထွက်လာသည်အထိ နာကျင်ဖို့သူသတိမရသေးပါ‌ပေ။ ရင်ဘတ်တစ်‌နေရာက အောင့်တက်နေသည့်‌ နာကျင်ခြင်း‌ဝေဒနာတစ်ခုကသာ ပြင်းပြလို့နေလေသည်။

||THORN||Where stories live. Discover now