Ep-5🌼

691 88 6
                                    

[Unicode]🌼

အပ်ကျသံပင်မကြားရလောက်သည်အထိတိတ်ဆိတ်လွန်းနေပါသော အခန်းငယ်~~
နှစ်ဦးနှစ်ဖက်ကြား အေးစက်တင်းမာလွန်းနေသည့်ဆက်ဆံရေးကြောင့် အခန်းငယ်အတွင်းရှိလေထုမှာလည်းပိုလို့ပင် သိပ်သည်းလာသယောင်။

"ဆိုပါဦး...ဟောဒီကပုဂ္ဂိုလ်ကြီးဂျွန်ဂျောင်ဂုကိုယ်တိုင်လာရှာရတယ့်အကြောင်းအရင်းကဘာများလဲ?"

"အလျော်လာပေးတာ"

တောင်းပန်စရာလား...သူ့ရဲ့ရာဇ၀င်မှာဘယ်တစ်ဦးတစ်ယောက်ကိုမှတောင်းပန်ခဲ့ရရိုးထုံးစံဆိုတာဘယ်တုန်းကရှိမနေခဲ့ပဲလေ။ အနည်းဆုံးကိုယ့်ဘက်ကမှားနေခဲ့ရင်တောင်မှ ဒီလိုမမှန်ကန်တဲ့သူတွေကိုတော့ ဘယ်လိုအကြောင်းနဲ့မှတောင်းပန်ဖို့ရာမဖြစ်နိုင်။ ပြီးတော့ ထယ်...ဂျွန်ထယ်ဟျောင်းဆိုတဲ့သူ့ရဲ့ပြုစုစောင့်ရှောက်မှုအောက်မှာကြီးပြင်းခဲ့တဲ့ ထို‌ကလေးကိုသူယုံကြည်တယ်။ အကြောင်းအရင်းမရှိဘဲနှင့်တော့ ထိုရန်ပွဲကမဖြစ်နိုင်သလို စတင်သူကလည်းထယ်ဟျောင်းမဖြစ်နိုင်။ ဘာကြောင့်လဲမေးရင်တော့ ဒါသူ့ရဲ့ယုံကြည်မှုပဲ။

မိမိကိုယ်တိုင်ပျိုးယူထားတဲ့ပန်းကလေးအကြောင်းကို မိမိသာလျှင်အသိဆုံးပေမို့...မည်သူကရောသူ့ထက်ပိုသိနိုင်မည်တဲ့လဲ။

"အလျော်? ဘာများလဲ ကျုပ်ဆီမှာအကြွေးတင်နေတာများရှိလို့လား"

အသက်အရွယ်အားဖြင့်အလယ်အလတ်ပိုင်းကိုကျော်လွန်ပြီး သူ၏အဖေအရွယ်နီးပါးပင်ရှိသည့်ထိုသူကဆိုလာခြင်းဖြစ်သည်။ လက်ထဲရှိယမကာခွက်ကိုတလှုပ်လှုပ်ဖြင့်လှုပ်ရမ်းနေရင်း ထိုသူကရှေ့တည့်တည့်ရှိဂျောင်ဂုကို အသေးစိတ်သေသေချာချာပင်ကြည့်နေသည်မှာတရားခံတစ်ဦးကိုစစ်မေးနေသည့်အခြေအနေမျိုးကဲ့သို့ပင်။ သူ၏မျက်၀န်းများသို့ပါထိုးဖောက်ကာအသေးစိတ်စိုက်ကြည့်နေသည့်ထိုလူကြီး၏မျက်နှာကို စိတ်ရှိတိုင်းသာဆိုလျှင် ဂျောင်ဂုအချက်ပေါင်းများစွာဆွဲထိုးပစ်လိုက်ချင်သည်။ ထိုသူ၏ရွံရှာစရာကောင်းသည့်မျက်လုံးများကိုဖောက်ထုတ်ပစ်ချင်လှသည်။ အပြုံးများ၏နောက်တွင်ကွယ်ဝှက်ထားသည့် ထိုလူအိုကြီး၏အစွယ်များကိုဆွဲထုတ်ကာတစ်စစီချိုးဖဲ့ချင်လှသည်။ ဖြစ်နိုင်လျှင်သူ့ရှေ့ကထိုသူအားမြူတစ်မှုန်စာပင်မကျန်သည်အထိ‌ ဖျောက်ပစ်လိုက်ချင်သည်။ သို့ပေမယ့်သူမတတ်နိုင်....။

||THORN||Tempat cerita menjadi hidup. Temukan sekarang