Ep-7🌼

670 76 12
                                        

[Unicode]🌼


"ဒါ တင်သွင်းကုန်နှစ်ချုပ်စာရင်းအကုန်ပဲ"

သူငယ်ချင်းဖြစ်သူLeoက မိမိရှေ့သို့လက်ကမ်းပေးလာသည့်ဖိုင်တွဲအချို့အားကြည့်ရင်း ဂျောင်ဂု အတွေးများနေမိသည်။ ထိုအတွေးတွေကထိုစာရွက်စာတမ်းတွေကြောင့်တော့မဟုတ်။

"အင်း ထားခဲ့ပြီးမင်းသွားလို့ရတယ်"

"ဂျွန်! ငါ- "

ဘာမှမဖြစ်ပါဘူးဆိုသည့်ဟန်နှင့် စိတ်လျှော့အောင်ခေါင်းညိတ်ပြတော့မှ ရုံးခန်းထဲကထွက်သွားသည့်သူငယ်ချင်းဖြစ်သူကြောင့် ဂျောင်ဂု သဘောတကျပြုံးမိပါသေးသည်။

Leo က၀န်ကြီးချုပ်ချွဲရဲ့သားကိုလုံး၀သဘောမကျသည်မှာသိသိသာသာပင်။ မိမိနှင့်လည်းထိုကောင်လေးအတူရှိနေခြင်းကိုလည်းမနှစ်မြို့နေဟန်။
အပြစ်မရှိတဲ့ထိုကောင်လေးအတွက် ထိုအမုန်းတရားတွေကမထိုက်တန်ပေမယ့် ကိုယ်ခံစားခဲ့ရတာတွေနဲ့ယှဉ်ကြည့်မိတော့ ဒါကမပြောပလောက်စရာပဲလေ။
အင်းလေ...သေရာပါဒဏ်ရာတစ်ခုလိုကိုယ့်ကိုအမြဲကပ်တွယ်နေတဲ့ အရိပ်မဲတချို့နဲ့နာကြည်းချက်တချို့က ထိတ်လန့်စရာ‌တွေကိုး။

ထိုဒုက္ခတွေကိုကိုယ်တိုင်မခံစားခဲ့ရတဲ့ သူငယ်ချင်းဖြစ်သူကတောင်ဒီလောက်မုန်းတီးနေရင် သူလိုလူအတွက်ကရော?

အတောင်စုံတဲ့ငှက်ကလေးအဖြစ်နဲ့အတောင်တွေကိုဖြန့်ကားရင်း‌ တိမ်ယံတွေကြားမှာအလှပဆုံးပျံသန်း‌နေရမယ့်အရွယ်မှာ ထိုငှက်ငယ်လေးကသူ့အတောင်တွေကိုဆန့်ကားချိန်‌တောင်မရလိုက်ဘဲ တစ်ဘ၀လုံးစာအတွက်စုတ်ပြတ်သတ်‌နေအောင်ရိုက်ချိုးဖျက်ဆီးခံခဲ့ရတယ်တဲ့လေ။ အတောင်တွေကျိုးပဲ့သွားတဲ့ငှက်ငယ်လေးဘ၀က သိပ်သနားစရာကောင်းလွန်းတယ်။ အရွယ်နဲ့မလိုက်တဲ့ဒဏ်ရာတွေကိုထမ်းပိုးရင်းနဲ့ပဲ....သူ့ဘ၀ကသေဆုံးခဲ့ရရှာတယ်လေ။

မှတ်ဉာဏ်ထဲကအတိတ်ရဲ့စာမျက်နှာတွေကိုခဏဘေးချိတ်ရင်း မိမိစားပွဲနှင့်အရှေ့တည့်တည့်ဆိုဖာပေါ်တွင်ကျကျနနထိုင်ကာ မဂ္ဂဇင်းတချို့ကိုစိတ်၀င်တစားဖတ်နေသူကို ဂျောင်ဂုငေးကြည့်နေမိသည်။
စားချင်တယ်ဆိုသည့်ဆိုင်ကိုလိုက်ကျွေးပြီးသွားတာတောင်မပြန်သေးပဲ အလုပ်နေရာအထိပါကပ်ပါလာသူက ဂျောင်ဂုအနားတွင်ပိုးကောင်လေးတစ်ကောင်လိုကပ်တွယ်နေသေးသည်။

||THORN||Where stories live. Discover now