လှပတဲ့မနက်ခင်းလေးမှာနိုးထလာတဲ့ကောင်လေးတစ်ယောက် အိပ်ရာနိုးနိုးချင်းအရင်ဆုံးကြည့်မိတာက ကုတင်ဘေးနားကခုံမှာတင်ထားတဲပြက္ခဒိန်လေးဆီသို့
အို့....ဒီနေ့ကဂျွန်နဲ့ငါရဲ့2 years anniversaryနေ့လေးပဲ
ဂျွန်ကိုအမှတ်တရလက်ဆောင်ဘာ ပေးရင်ကောင်းမလဲ.....ဘာပေးရင်ကောင်းမလဲစဥ်းစားစမ်းကင်ထယ်ယောင်း
စဥ်းစားမရဖြစ်နေသောကောင်ငယ်လေးမှာလည်းနှုတ်ခမ်းလေးတဆူဆူဖြင့်အလွန်ပင်ချစ်စရာကောင်းလှသည်
အားးး....မစဥ်းစားတတ်တော့ဘူး ငါ့ရဲ့မြားနတ်မောင်လေးဆီပဲလှမ်းမေးတာကောင်းမယ်
တူ~တူ~တူ
ဝင်သွားသောဖုန်းသံလေးနဲ့အတူသိပ်မကြာလိုက်တစ်ဖက်မှမြားနတ်မောင်လေးကဖုန်းကိုင်လေရဲ့
"ဟယ်လို"
"ဟယ်လို မြားနတ်မောင်လေးဂျီမင်းနီ"
"အင်း ပြောလေ ထယ်"
"မင်းအစောကြီးနိုးနေတာလား အသံကအိပ်ချင်မူးတူးအသံဖြစ်မနေဘူးဆိုတော့လေ"
"အင်းဟုတ်တယ် ထယ်ရဲ့ငါသွားစရာရှိလို့အစောကြီးနိုးနေတာ"
"မင်းကဘယ်သွားမှာမို့လို့လဲ"
"အော...ငါshopping mall သွားမလို့ဝယ်စရာလေးတွေရှိသေးလို့"
"ဟုတ်လား အာ့ဆိုငါလည်းလိုက်ချင်တယ် ငါ့ကိုဝင်ခေါ်လေနော် "
"နေပါအုံးထယ် ငါ့ဆီအစောကြီးဖုန်းဆက်ရတဲ့အကြောင်းဘာမှမပြောရသေးဘူးနော်"
"ဟီး.......ဟုတ်သားပဲ မင်းကိုအကူညီတောင်းမလို့ ဖုန်းဆက်လိုက်တာ"
"ဘာအကူညီလည်း ပြောလေထယ်"
"ဒီနေ့ကဂျွန်နဲ့ငါ 2years ပြည့်တဲ့နေ့လေ အာ့ကြောင့်ဂျွန်တွက်လက်ဆောင်ဝယ်ပေးချင်လို့ ဘာဝယ်ရမှန်းမသိတာနဲ့ မြားနတ်မောင်လေးဆီအကြံညံလှမ်းတောင်းတာ ဟီး.....ဟီး
"အော် ......ဒါများထယ်ရယ် မင်းလူကြီးဘာကြိုက်တတ်တယ်ဆိုတာမင်းမသိဘူးလား မင်းလူကြီးကရောမပြောပြဖူးဘူးလား"
"နေအုံးငါသိပြီ သူကနာရီတွေဆိုအရမ်းသဘောကျတာ အဲ့ဒါငါမေ့နေတာ ခုမှပဲသတိရတော့တယ်"
YOU ARE READING
BRAIN & HEART ( Completed )
Romanceငါ့ရဲ့ဦးနှောက်ကမင်းကိုငြင်းဖို့အကြိမ်ကြိမ်ပြောနေပေမဲ့ ငါ့နှလုံးသားလေးကတော့မင်းကိုလက်ခံချင်သေးတယ်တဲ့ Zawgyi~~ ငါ့ရဲ့ဦးနှောက်ကမင်းကိုငြင်းဖို့အကြိမ်ကြိမ်ပြောနေပေမဲ့ ငါ့နှလုံးသားလေးကတော့မင်းကိုလက်ခံချင်သေးတယ်တဲ့ JEON JUNG KOOK ×KIM TAE HYUNG Top-koo...