အိမ်ကထွက်လာပြီးသူငယ်ချင်းတိုက်ခန်းမှာခဏအနားလိုက်သည်
ထိုစဥ်နားထဲပြန်ကြားယောင်လာတာကဒယ်ဒီရဲ့စကားတွေ
"တောင်းပန်ပါတယ် ဒယ်ဒီ"
"သားယောင်းကိုအဆုံးရှုံးမခံနိုင်ဘူး အာ့ကြောင့်ယောင်းကိုပဲရွေးချယ်ခဲ့တာပါ"
"တစ်နေ့နေ့တော့ဒယ်ဒီသားကိုခွင့်လွှတ်လာမှာပါ"
အခုအိမ်ပေါ်ကဆင်းလာတာဆိုတော့အလုပ်တစ်ခုလုပ်မှရမယ်ဒီရက်အတောတွင်းတော့အချိန်ပိုင်းအလုပ်တွေလိုက်လုပ်အုံးမှပါ့လေ
ယောင်းကတွေ့ဖို့ချိန်းထားတာကြောင့်စောစောကြိုပြီး Taxiငှားပြီးထွက်လာခဲ့လိုက်သည်
ခဏကြာတော့ယောင်းရောက်လာပြီးယောင်းဘေးနားမှာဟိုလူလည်းပါလာတာပေါ့
"ယောင်း"
ကိုယ်စေ့စပ်ပွဲကိုဖျက်လိုက်ပြီ
"အင်း"
"ကျွန်တော်ခင်ဗျားကိုပြောစရာရှိလို့ ဒီနေရာကိုခေါ်လိုက်တာ"
"ပြောလေယောင်း"
အကိုခဏလောက်ရှောင်ပေးပါလား ထယ်သူနဲ့စကားပြောချင်လို့
"အင်းထယ်လေး ကိုယ်ကားထဲမှာပဲစောင့်နေမယ်နော်"
"ဟုတ်အကို"
အကိုထွက်သွားတော့မှ
"ခင်ဗျားနဲ့ကျွန်တော်လမ်းခွဲ ကြရအောင်"
"ဟင်ယောင်း ဘာဖြစ်လို့လဲ ကိုယ်ဘာအမှားလုပ်မိထားလို့လဲ"
"ခင်ဗျားဘာအမှားမှမလုပ်ထားဘူး"
"ကျွန်တော်ခင်ဗျားကိုမချစ်တော့လို့ "
ယောင်းရှေ့မှာတင်မျက်ရည်များစွာစီးကြပြီး
"ယောင်းတကယ်ပြောနေတာလား"
"တကယ်ပြောနေတာ ကျွန်တော်ခင်ဗျားကိုမချစ်တော့ဘူး "
"ကျွန်တော်အကိုနဲ့လက်ထပ်တော့မှာ ခင်ဗျားသိသင့်တယ်ထင်လို့"
"ကျွန်တော်အကို့ကိုချစ်မိသွားတယ်"
"ကျွန်တော့်ပေါ်အမြဲကောင်းပေးခဲ့တဲ့အကိုနဲ့ ကျွန်တော့်ပေါ်ရက်စက်ခဲ့တဲ့ခင်ဗျားက ဘယ်လိုမှယှဥ်လို့မရဘူး"
YOU ARE READING
BRAIN & HEART ( Completed )
Romanceငါ့ရဲ့ဦးနှောက်ကမင်းကိုငြင်းဖို့အကြိမ်ကြိမ်ပြောနေပေမဲ့ ငါ့နှလုံးသားလေးကတော့မင်းကိုလက်ခံချင်သေးတယ်တဲ့ Zawgyi~~ ငါ့ရဲ့ဦးနှောက်ကမင်းကိုငြင်းဖို့အကြိမ်ကြိမ်ပြောနေပေမဲ့ ငါ့နှလုံးသားလေးကတော့မင်းကိုလက်ခံချင်သေးတယ်တဲ့ JEON JUNG KOOK ×KIM TAE HYUNG Top-koo...