4@

1.5K 141 32
                                    

မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာကအဖြူရောင်မျက်နှာကျက်တစ်ခု ပိုးသတ်ဆေးအနံ့တွေမွှန်ထူနေသောအခန်းတစ်ခန်း သူဆေးရုံရောက်နေမှန်းသိလိုက်ရသည်

"ချက်ချင်းခေါင်းထဲအစီရီပြန်ဝင်လာတဲ့စကားသံတွေကြောင့်ရင်ထဲကနာကျင်ရပြန်တယ်"

အတွေးတွေထဲနစ်မြောရင်းဆုံးဖြတ်ချက်ချမိတာက

"ဒီတစ်ခါတော့ငါမင်းကိုမုန်းပစ်လိုက်တော့မယ်ဂျွန်"

"ငါ့ရဲ့နှလုံးသားကလက်မခံပေမဲ့ ဦးနှောက်ရဲ့အလိုကိုလိုက်ခွင့်ပြုပြီးမင်းကိုမုန်းပစ်တော့မယ်ဂျွန်"

"ငါရဲ့အချစ်တွေမမြင်ခဲ့တဲ့မင်းကို နောက်လည်းငါ့အချစ်တွေမမြင်အောင်ဖုံးကွယ်ထားအုံးမှာဂျွန်"

"ဆုံးဖြတ်ချက်ချနေရင်းပင်ပါးပေါ်သို့ကျဆင်းလာတဲ့မျက်ရည်များကိုချက်ချင်းသုတ်ပစ်လိုက်သည်"

"မျက်ရည်တွေကမင်းနဲ့မတန်ဘူးမငိုစမ်းနဲ့"

"သားလေး"

အတွေးများကိုဖြတ်တောက်ပစ်လိုက်ပြီးမာမီကိုကြည့်၍ပြုံးပြလိုက်တော့

"သားလေး သက်သာရဲ့လား မာမီစိတ်ပူလိုက်ရတာ"

"ဟုတ်သားသက်သာပါတယ်မာမီ"

"ခေါင်းရောမူးနေသေးလား မသက်သာရင်မာမီကိုပြောနော်"

"ဟုတ်မာမီ"

"မာမီ သားစားဖို့တစ်ခုခုသွားစီစဥ်အုံးမယ်ခဏနေခဲ့နော်သားလေး"

"မာမီ"

"အင်းဘာပြောမလို့လဲသား မာမီကိုပြောလေ"

မာမီကရင်ခွင်ထဲမှာထွေးပွေ့ထား၍မေးလေရဲ့

"သားမာမီကိုခွင့်တောင်းစရာတစ်ခုရှိလို့"

"ဘာလဲပြောကြည့်လေသားလေးရဲ့"

"သားဒယ်ဒီနဲ့ကိုကိုကြီးတို့ရှိတဲ့LAမှာသွားနေချင်တယ် မာမီ"

"မာမီခွင့်ပြုပေးမလားဟင်"

"မာမီရင်ခွင်ထဲမှမော့ပြီးကြည့်လိုက်တော့မာမီကပြုံးနေလေရဲ့"

"ငါ့သားလေးဆုံးဖြတ်ချက်မှန်ကန်တယ် "

"ဟင်.....မဟုတ်မှ...... မာမီသိနေတာလား"

BRAIN & HEART ( Completed )Où les histoires vivent. Découvrez maintenant