ကျွန်တော်စိတ်တွေအရမ်းညစ်နေတယ်ဗျာ အရမ်းလည်းဝမ်းနည်းနေတယ် ကျွန်တော်ခုချိန်ဘာလုပ်သင့်လဲ
ထိုစဥ်အတွေးထဲဝင်လာတာကယောင်းရဲ့စကား
"ဝမ်းနည်းနေရင်အချိုများများစားပေးရတယ်ဂျွန်ရဲ့"
"ဟုတ်တယ် ငါအချိုတွေများများစားရမယ်"
ကျွန်တော့်ရဲ့ကားလေးဦးတည်တဲ့နေရာကတော့ ယောင်းစားနေကြ cakeဆိုင်လေးဆီသို့
ဆိုင်သို့ရောက်တော့ ကိတ်အမျိုးစားအစုံလင်မှာလိုက်၏
ကိတ်မုန့်ရောက်လာပြီးကျွန်တော်စားနေတုန်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရင်ထဲဆစ်ခနဲ
"ဆိုင်ထဲသို့ဝင်လာတဲ့ယောင်းနဲ့ဟိုလူ ယောင်းကပြုံးရွှင်လို့"
"ကျွန်တော့်ကိုတော့ယောင်းကမြင်မယ်မထင်"
"ကျွန်တော်ယောင်းကိုလွမ်းနေကြောင်းပြေးဖက်ပြီးပြောချင်တာလိုက်တာဗျာ"
"ဒါပေမဲ့ ယောင်းရဲ့သဘောအတိုင်းလမ်းတွေ့ရင်တောင်မသိချင်ယောင်ဆောင်နေပါဆိုတော့ ကျွန်တော်ခံစားနာကျင်ရတာတွေမြိုသိပ်ပြီးမသိချင်ယောင်ဆောင်နေလိုက်သည်"
"ကျွန်တော်စားလက်စမုန့်တောင်ဆက်မစားနိုင်ပဲ ယောင်းနဲ့ဟိုလူကြည့်နေတဲ့ဝိုင်းကိုပဲကြည့်နေမိတော့သည်"
"အရင်ကဆိုယောင်းက ကိုယ့်ဘေးနားမှာအဲ့လိုလေးပြုံးရွှင်ပေးနေခဲ့တာနော် "
"ကိုယ်ကိုတိုင်လုပ်ခဲ့မိတဲ့အမှားအတွက်ယောင်းပေးတဲ့နာကျင်မှုကိုကိုယ်ခံယူပါ့မယ်"
ထိုချိန်ဟိုလူမှယောင်းကိုကိတ်မုန့်ခွံ့ကျွေးတော့ ယောင်းကချက်ချင်းဆိုသလိုပြုံးပြီးပြန်စားလေရဲ့
"ထိုမြင်ကွင်းကိုဆက်မကြည့်နိုင်တော့တာကြောင့်ပိုက်ဆံရှင်းပြီးထွက်လာခဲ့လိုက်သည်"
ရင်ထဲမှာမွန်းကြပ်နေတာတွေဖွင့်ထုတ်ဖို့ယောင်းနဲ့အတူသွားဖူးတဲ့ဟန်မြစ်ကိုထွက်လာခဲ့သည်
ဟန်မြစ်သို့ရောက်တော့ မျက်ရည်များစီးကျကာ
"ယောင်းကိုယ့်ကိုခွင့်မလွှတ်နိုင်သေးဘူးဆိုတာကိုယ်သိပါတယ်ကွာ"
YOU ARE READING
BRAIN & HEART ( Completed )
Romanceငါ့ရဲ့ဦးနှောက်ကမင်းကိုငြင်းဖို့အကြိမ်ကြိမ်ပြောနေပေမဲ့ ငါ့နှလုံးသားလေးကတော့မင်းကိုလက်ခံချင်သေးတယ်တဲ့ Zawgyi~~ ငါ့ရဲ့ဦးနှောက်ကမင်းကိုငြင်းဖို့အကြိမ်ကြိမ်ပြောနေပေမဲ့ ငါ့နှလုံးသားလေးကတော့မင်းကိုလက်ခံချင်သေးတယ်တဲ့ JEON JUNG KOOK ×KIM TAE HYUNG Top-koo...