16@

1K 73 12
                                    

ယောင်းနဲ့လမ်းခွဲပြီးတာဒီနေ့နဲ့ဆိုနှစ်ပတ်ပြည့်တော့မယ်

ကျွန်တော်အိမ်ကထွက်လာတာပိုက်ဆံနည်းနည်းလောက်ပဲပါတာကြောင့် အလုပ်လုပ်နေရတာပေါ့


သူငယ်ချင်းတိုက်ခန်းမှာပဲကပ်နေပြီး coffeeဆိုင်တစ်ခုမှာအချိန်ပိုင်းဝင်လုပ်နေသည် ကျွန်တော့်ဝမ်းရေးအတွက်ပိုက်ဆံရှာရမယ်လေ

ပြီးတော့ယောင်းရဲ့လက်ထပ်ပွဲကျ
ရင်ပေးဖို့လက်ဖွဲ့လေးဝယ်ချင်တာနဲ့ပိုက်ဆံစုဖြစ်နေတယ်

ကျွန်တော့်မှာကျန်တဲ့ပိုက်ဆံလေးနဲ့အချိန်ပိုင်းကရဲ့တဲ့လုပ်အားခလေးပေါင်းရင်တော့ကျွန်တော်ဝယ်ချင်တာလေးသွားဝယ်လို့ရနေပြီ


"ညနေအလုပ်ပြီးသွားရင်တစ်ခါထဲဝင်ဝယ်ရမယ်"

ထိုစဥ်ဆိုင်ထဲသို့ဝင်လာသောဧည့်သည်တစ်ဦး သူကတော့အခြားသူမဟုတ် ကျွန်တော့်ရဲ့ညီဂျီမင်း

"ဟေ့ ဂျီမင်း"

"ဟာအကို ဒီမှာဘာလုပ်နေတာလဲ"

"မဟုတ်မှ အကိုအလုပ်လုပ်နေတာလား"

"ဟုတ်တယ် ဂျီမင်း ငါcompanyတစ်ခုမှာအလုပ်လျှောက်ထားတုန်း အချိန်ပိုင်းအလုပ်ဝင်လုပ်နေတာ"

"အော်"


"လာထိုင်လေ အကို coffeeသွားဖျော်ပေးမယ်"

"ဟုတ်"

ခဏကြာတော့


"coffeeရပြီဗျ သောက်လိုက်ပါအုံး

"အကိုကျွန်တော်နဲ့စကားခဏပြောရအောင်"

"အင်းပြောလေ"

"အကိုဟယ်ရာအမေလေ ဆုံးသွားပြီသိလား"

"ဘာ!!!"

"ဘယ်လိုဖြစ်တာလဲ"

"အကိုစေ့စပ်ပွဲနေ့ကဟယ်ရာအမေဆေးရုံတင်လိုက်ရတာအကိုသိတယ်မဟုတ်လား

"အင်းသိတယ်လေ."

"ဟယ်ရာအမေကနှလုံးရောဂါရှိတယ်တဲ့"

"ဆေးရုံသွားတဲ့လမ်းမှာပဲ အသက်ထွက်သွားတာ"

"ဒါဆိုငါလုပ်လိုက်တဲ့လုပ်ရပ်ကြောင့်ဟယ်ရာအမေကခုလိုဖြစ်ရတာပေါ့"

BRAIN & HEART ( Completed )Tempat cerita menjadi hidup. Temukan sekarang