9@

1.3K 89 6
                                    

အိိမ်ပြန်ရောက်တော့ပင်ပန်းလာတာကြောင့်အခန်းထဲသို့တန်းပြီးဝင်လာခဲ့သည်

ကုတင်ပေါ်လှဲချလိုက်ရင်းတွေးနေမိတာကဂျွန်ပြောလိုက်တဲ့စကားတစ်ခု
"ကိုယ်မင်းဆီကိုစာတွေပို့နေတာမင်းတွေ့ရဲ့လားတဲ့"

ချက်ချင်းဆိုသလိုသတိရပြီးအံဆွဲထဲကိုကြည့်လိုက်တော့ ကျွန်တော်ထားခဲ့အတိုင်းရှိနေတဲ့ဖုန်းလေး

ဖုန်းစက်ကိုဖွင့်ကြည့်လိုက်တော့ဝင်လာတဲ့messageပေါင်းမြောက်များစွာကိုမြင်တော့အံ့သြသွားလျက်

"ဂျွန်ကတကယ်ပဲငါ့ဆီကိုစာတွေပို့နေခဲ့တာလား"

စာတွေပို့ထားတဲ့ထဲဝင်ကြည့်တော့ တောင်းပန်ထားတဲ့စာတွေ

"ဘာလို့တောင်းပန်နေတာလဲဂျွန်ရယ် အခုချိန်ဂျွန်တောင်းပန်လဲအသုံးမဝင်တော့ဘူးလေ"

"ကျွန်တော့်ကိုတောင်းပန်မယ့်အစား ဂျွန်ချစ်ရတဲ့သူမနဲ့ပျော်ပျော်နေရမှာလေ"

"ကျွန်တော်ထပ်မခံစားချင်တော့ဘူးဂျွန် အာ့ကြောင့်ဂျွန်နဲ့ဝေးဝေးနေပါရစေ"

"ဂျွန်ရှေ့မှာသန်မာပါရစေဂျွန်ရယ်"

စိတ်ညစ်ညစ်နဲ့ဘားမှာအရက်ဝင်သောက်ပြီးအိမ်သို့ပြန်လာခဲ့သည်

အိမ်ထဲသို့ဝင်လာတော့ဧည့်ခန်းထဲမှာထိုင်နေတဲ့မာမီကစကားပြောသည်

"သားအရက်တွေသောက်လာတာလား"

"ဟုတ်တယ်မာမီ သားနည်းနည်းသောက်လာတယ်"

"အေးပါကွယ် သားကိုမာမီပြောစရာရှိလို့စောင့်နေတာ"

"ဟုတ်ပြောလေမာမီ"

"သားမနက်ကျရင် ဟယ်ရာလေးတို့မိသားစုကိုထမင်းစားဖိတ်ထားတယ်"

"မနက်ကျရင်ဘယ်မှမသွားနဲ့နော် "

"ဟုတ်မာမီ"

"ဟယ်ရာဆိုတာကျွန်တော့်ရဲ့သူငယ်ချင်း သူမကအရမ်းမာနကြီးတယ် သူမကတစ်ဦးတည်းသောသမီးမို့မိဘတွေကအလိုလိုက်ထားတော့ဆိုးတယ် သူမလိုချင်တာရှိရင်လည်းမရမကယူတတ်တယ်သူ့မိဘတွေနဲ့ကျွန်တော့်မိဘတွေကအရမ်း ရင်းနှီးကြတဲ့မိတ်ဆွေတွေပေါ့"

BRAIN & HEART ( Completed )Where stories live. Discover now